Sunday, September 20, 2026

မော်စကိုမြို့တွင်”လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ” အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပ

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ စက်တင်ဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီက "လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ" အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...
HomeNewsLocal Newsဆောက်လုပ်ရေး ကဏ္ဍအပါအဝင် နယ်ပယ်စုံတွင်...

ဆောက်လုပ်ရေး ကဏ္ဍအပါအဝင် နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမည်ဟု ဒုတိယမြို့တော်ဝန် မစ္စတာကျန်းတွမ်ထောင်ပြော

ချုံချင့်မြူနီစီပယ် အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍအပါအဝင် နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ဒုတိယမြို့တော်ဝန် မစ္စတာကျန်းတွမ်ထောင်က ပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ တရုတ် -မြန်မာချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍအပါအဝင် နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း၊ ချုံချင့်မြို့သို့ ရောက်ရှိစဉ် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးဆိုင်ရာရင်းနှီးမြှုပ်နှံသူများ၊ နည်းပညာကုမ္ပဏီကြီးများနှင့် တွေ့ဆုံ၍ ဆွေးနွေးစေလိုကြောင်း ဒုတိယမြို့တော်ဝန် မစ္စတာကျန်းတွမ်ထောင်ကပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့သည်မှာ (၇၅)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အမျိုးသားနယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း မူဘောင် (National Spatial Development Framework Plan)ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မြို့ပြနှင့်ကျေးလက်ဒေသများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန် Town Plan များရေးဆွဲပေးခြင်း၊ စက်မှုဇုန်များအတွက် ပင်မစီမံကိန်းများရေးဆွဲပေးခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်စကိုမြို့တွင်”လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ” အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပ

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ စက်တင်ဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီက "လှိုင်းကြီးလေထန်ကာလများအတွင်းမှရွေးကောက်ပွဲများ" အမည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ကွန်ဖရင့်အား ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် လွှတ်တော်အမတ်များရွေးကောက်ပွဲကို ပြည်ပရွေး ကောက်ပွဲစောင့်ကြည့်သူကိုယ်စားလှယ်အဖြစ်ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်းတက်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Mrs. Ella Pamfilova က ဒူးမားလွှတ်တော်အမတ်များရွေးချယ်မည့် ရွေးကောက်ပွဲအစီအစဉ်များနှင့် ပြင်ဆင်ဆောင် ရွက်ခဲ့မှုများကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် (၈)နိုင်ငံမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာနိုင်ငံအလိုက် ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ခဲ့မှုများနှင့် အတွေ့အကြုံများကိုမျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071