Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeArticlesဆု ၂ ဆု...

ဆု ၂ ဆု ဂယက်

Academy1

အကြောင်းအရင်းတစ်ခုအတွက် အလုပ်လုပ်ပါ။ လက်ခုပ်သြဘာအတွက် အလုပ်မလုပ်ပါနှင့်။ ၂ဝ၁၆ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုချီးမြှင့် ပွဲအခမ်းအနား ပြီးဆုံးသွားပြီ ဖြစ်သည်။ ရွှေတိဂုံဘုရားကြီး ဖူးမြော်ရင်းထားရှိသည့် အကယ်ဒမီစင်ကြီးမှာ ခမ်းနားထည်ဝါလှ၏။ TV တွင် ကြည့်နေသော ပြည်သူ ပရိသတ်အပေါင်းက ဘုရားဖူးရင်း ကြည်နူးမှုရရှိခဲ့သည်ဟု ဆိုကြသည်။ ဖွင့်ပွဲအခမ်းအနားမှာ မီးရှူးမီးပန်း များ ရောင်စုံအလှဖြင့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှပေသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ၂ဝ၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ” မြန်မာ့ရုပ်ရှင်လောကရဲ့တိုးတက်မှုဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုပြီး၊ မြန်မာ့ရုပ်ရှင်လောကရဲ့အဆင့်အတန်း မြင့်မားမှုဟာ ဒီနိုင်ငံ ဒီပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ဖော် ညွှန်းနေပါတယ်။ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို မြှင့်တင်ပေးနိုင်တဲ့ အနုပညာရှင် တွေဟူ၍ ဆန္ဒပြု တိုက်တွန်းထားပါတယ်။ သို့သော် နိုင်ငံကြီးသား ပီသဖို့လိုပါတယ်။ အဲဒီလိုတွေ ဆောင်ရွက်နိုင်ဖို့ စိတ် ဓာတ်တော်လှန် ရေးကြီးလုပ်ရမှာ ဖြစ်လာသလို၊ စိတ်ဓာတ်ပြောင်း လဲဖို့လည်း လိုအပ်ပါကြောင်း” ပြောဆိုထားသည်။ ကျွန်တော်တို့ လောကသားများ အမှန်တကယ် ဆောင်ရွက်ရမည်ဖြစ်သည်။ အမှန်တကယ် လိုက်နာရပေမည်။

မြန်မာ့ရုပ်ရှင် တိုးတက်ရေးတွင် စိတ်ဓာတ်များကို အဓိကပြောင်းလဲချိန်တန်နေပါပြီ။ အကယ်ဒမီဆု ရွေးချယ်ချီးမြှင့်ခြင်းတွင်လည်း ပြောင်းလဲသင့်ပေပြီ။ မူဝါဒတချို့ သည် ခေတ်မမီတော့၍ ခေတ်နှင့် အညီ ပြောင်းလဲသင့်သည်။ ထို့အတူ ဆုရွေးချယ်သူတို့ကိုလည်း ပြောင်းလဲသင့်ပါပြီ။ ဆုရွေးချယ်ရေးအဖွဲ့ကို အဖွဲ့နှစ်ဖွဲ့၊ အဆင့်နှစ်ဆင့်ထားသည် ကလည်း တစ်မျိုးတစ်ဖုံ ဖြစ်နေသည်။ မည်သူတာဝန်ယူပါသည်ဟူ၍မရှိ။

အကယ်ဒမီဆိုသည်ကား …။ ကြိုးပမ်းထူးချွန်၊ မိုးစွန်တစ်မွတ်၊ ကြယ်ကိုဆွတ်ကာ၊ မလွတ်စတမ်း၊ ရမြဲ လမ်းတည့်။ ဤဆောင်ပုဒ်အတိုင်း အနုပညာရှင်များ ကြိုးစားအားထုတ် ကြသည်။ အကယ်ဒမီကို ဂုဏ်သိက္ခာ တစ်ခုအတွက် ကြိုးပမ်းဆောင်ရွက် ကြသည်။ သည်နှစ်၏ ထူးခြားမှုက အထူးဆုဟုဆိုရပေမည်။ ဇာတ်ကား ဆုပေးရန် နှစ်ကားဆက်နေ၍လား မသိ။ တစ်ကားကို အထူးဆုပေးပြီး၊ တစ်ကားကို ဇာတ်ကားဆု ပေးလိုက် သည်။ တစ်နည်းအားဖြင့် ပူးတွဲ ချန်ပီယံလားမသိ။ တာဝန်ရှိသူက ဖြေပေးရာတွင် ထူးခြားသော ဇာတ်ကားဖြစ်၍ အထူးဆုပေးရန် ရွေးချယ်ခြင်းဖြစ်ပါသည်။ ရှင်းလင်းချက်မှာ အလွန်ရှင်းပါသည်။

ဇာတ်ညွှန်းနှင့် အမျိုးသမီး ဇာတ်ပို့ဆု၂ဆု မပေးခြင်းမှာလည်း ၅ဝရာခိုင်နှုန်းဟူသော တံတိုင်းကြီးကို မကျော်နိုင်၍ ဖြစ်သည်ဟု တားဆီး ပြန်သည်။ မကျော်ရခြင်းမှာ အောက် မှအဖွဲ့ဝင်များ မဲပေးမှုပျံ့နှံ့သွားခြင်း ကြောင့်ဟုဆိုပြန်သည်။ အောက် အဖွဲ့က ပျံ့နှံ့မှုမရှိဟု ဆိုပြန်သည်။ ဇာတ်ပို့ရွေးချယ်မှု သုံးဦးရှိနေလျှင် မဲပျံ့သည်ဟုဆိုရာမှ (၃ဝ၊ ၃ဝ၊ ၄ဝ) သို့မဟုတ် တစ်ဦးတစ်ယောက်က အမှတ်သာနေမည်။ သို့သော် ထိပ် ဆုံးရမှတ်သည် ၅ဝ ကျော်စရာမရှိ။ သို့ဆိုလျှင် အမှတ်အများဆုံးကို ပေးသင့်ပါသည်။ ဤသို့မဟုတ်ဘဲ ၅ဝဆိုသော အဟန့်အတားက မည်ကဲ့သို့သော အရည်အသွေးကို ထောက်ညွှန်နေသည်မသိ။

ဇာတ်ညွှန်းဆုအတွက်လည်း အလွန်နစ်နာရပါသည်။ ဇာတ်ညွှန်း စာအုပ်တင်သူကိုသာ စဉ်းစားမည်ဟူ သောမူကို အသေကိုင်ထားသဖြင့် ဇာတ်ကားတစ်ကားမှသာ ဇာတ်ညွှန်း တက်လာပါသည်။ အဖွဲ့ဝင်များ ဖတ်ပြီးသည့်အခါ နှစ်သက်ကြပါသည်။ တခြားသူ တင်ထား၍ ဆုရွေးချယ် ရန်ခက်နေသည်။ သို့သော် သတ်မှတ် ရက်ကုန်ဆုံးကာနီး ၄ရက်အလိုတွင် ဇာတ်ညွှန်းတစ်ပုဒ်တက်လာသည်။ သို့ဆိုလျှင် ဇာတ်ညွှန်းဦးရေ များသွား သည်။ သို့သော် ၅ဝရာခိုင်နှုန်း မကျော်ဆိုသော အသုံးအနှုန်း၊ အတားအဆီးက ဇာတ်ညွှန်းဆုကို အခက်တွေ့သွားသည်။

ကျွန်တော် ဇာတ်ညွှန်းဆရာ အဖွဲ့ဝင်များကို ဆွေးနွေးသောအခါ သူတို့အဖွဲ့ဝင်များအမှတ်ပေးထားမှု မှာ မပျံ့နှံ့ပါတဲ့။ ပေးခွင့်ပြုထားသော တခြားအဖွဲ့ဝင်များ အမှတ်က ပျံ့နှံ့သွားသည်။ ဇာတ်ညွှန်းရေးဆရာ မြင့်ဦးဦးမြင့် ပြောသလိုပင် ဇာတ် ညွှန်းမကောင်းဘဲ၊ ဒါရိုက်တာ ဆုနှင့် ဇာတ်ကားဆုပေးတာကတော့ အံ့သြသဗျာတဲ့။ အကောင်းဆုံးကို ရွေးချယ် နိုင်ရန်အတွက် ရွေးချယ်သူက သည် ထက် ကောင်းနိုင်လို့လားဟု ဆိုထားသော ဒါရိုက်တာမိုက်တီး၏ယူဆချက်ကိုလည်း အလေးထားသင့် သည်။

အနုပညာရှင်တို့ ကြိုးပမ်းအား ထုတ်မှုနှင့် အကယ်ဒမီအခွင့်အရေး လက်လွတ်မခံသင့်ပေ။ နောက်တစ် ကြိမ် အခွင့်အရေး၊ နီးစပ်မှု ကြုံချင် မှ ကြုံမည်ကိုတော့ ကိုယ်ချင်းစာ သင့်ပေသည်။ အနုပညာရှင်တို့၏ အရည်အသွေးမညံ့ပါ။ ထင်တာ ထက် ပိုကောင်းနေပါလိမ့်မည်။ ဆု မပေးခြင်းက လွယ်ပါသည်။ ဆုရရှိ ဖို့ရန်အရေး ကြိုးစားအားထုတ်မှုက မလွယ်ပါ။ ကျွန်တော်ဆုအပယ်ခံရခြင်း အတွက် မပျော်ရွှင်ပါ။ အပေါ်အဖွဲ့ ဝင်ဆိုသူနှင့်အရ ဆွေးနွေးရာတွင် သရုပ်ဆောင်ဆုများ မဟုတ်သော၊ အခြားဆုများထဲက ဆု၂ ဆုသည် ၅ဝ ရာနှုန်းမပြည့်ခဲ့ပါ။ ထိုခက်ခဲသည့် ကြားမှပေးခဲ့ခြင်းမှာ မပြည့်၍ ပယ်ချ ခံရသော သူများကိုမငဲ့ကွက်ဟုဆို ချင်ပါသည်။ ပွဲပြီးပါပြီ။ ဆုရသူများအပေါ် မုဒိတာပွားပါသည်။ ဆုပယ်ချခံရသူ များအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်မိသည်။ ကမ္ဘာ့ဘောလုံးပွဲများ တွင် ကွင်းလယ်ဒိုင်လူကြီးသည် ဆုံးဖြတ်ချက်ချပြီး မပြင်ပါ။ ပွဲအပြီး အနိုင်အရှုံးပေါ်သွားပြီးနောက်တွင် မိမိ၏ ဆုံးဖြတ်ချက်လောကြီးကြောင်း ကို ဝန်ခံသွားပါသည်။ နစ်နာသူတို့ အတွက် ဝမ်းနည်းစကားဆိုပါသည်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားဖို့ရာ ဂုဏ်သိက္ခာက နိုင်ငံနှင့် ပြည်သူအတွက် ရည်ညွှန်းနေပါသည်။

ဒါရိုက်တာမောင်ဗေဒါ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071