(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)အတွက် အမျိုးသားမြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပဏာမလူစာရင်းကို ယနေ့ အောက်တိုဘာ(၁၀)ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
လူစာရင်းအရ ကစားသမား (၂၄) ဦးရွေးချယ်ခဲ့ပြီး သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင်ကစားသမားများ အဆောင်တွင် အောက်တိုဘာ (၁၃) ရက်မှ ဒီဇင် ဘာ (၈) ရက်အထိ အုပ်ချုပ်နည်းပြ (၉)ဦး ကစားသမား(၂၄)ဦးဖြင့် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်လိုက်သည့် ကစားသမားများစာရင်းကို မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr. Pattaya Piem kum ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၉)ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊ ဆောင်ခလာမြို့တို့၌ ကျင်းပသွားမည်ကာ အားကစားအမျိုးအစားပေါင်း (၅၀) ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
