ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် SEA GAMES 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ သို့မဟုတ် ကြေး ဆုတံဆိပ် တစ်ခုခုရရှိသည့် စက်ဘီးအားကစားသမားအတွက် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း မှ ချီးမြှင့်မည် ဖြစ်သည်။
လက်ရှိတွင် ပြိုင်ပွဲအတွက် အမျိုးသမီးလက်ရွေးစင်အသင်း (Criterium & Road Race)အနေဖြင့် မလှလှနွယ်၊ မ သွယ်ဇင်ဟန်တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အမျိုးသားလက်ရွေးစင်အသင်း( Individual Time Trial – ITT, Road Race & Criterium)
အတွက် ကိုရှိုင်းထက်အောင်၊ ကိုရှင်းထက်အောင်၊ ကိုရဲမြတ်ကျော်၊ ကိုဝေလျှံအောင်၊ ကိုမင်းလက်ယာတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ထို ရွေးချယ်ခံအားကစားသမားများသည် မကြာမီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ပြိုင်ပွဲကြိုတင်ပြင်ဆင်ရေးစခန်း (Race Preparation Camp) သို့ ထွက်ခွာသွားမည်လည်း ဖြစ်သည်။
အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ (၉) ရက်မှ (၂၀) ရက်နေ့အထိ ထိုင်းနိုင်ငံ (ဘန်ကောက်/ချောင်ဘူရီ/ဆောင်ခလာ) မြို့များတွင် ကျင်းပသွားမည်လည်း ဖြစ်သည်။
photo- မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF)
