Saturday, August 15, 2026

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု...

မော်စကို၊ ဩဂုတ် ၁၅ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင်...

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ်...

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့်...

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း...

ရှမ်းယူနိုက်တက်အသင်းက လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာနှင့်...

လေးမျက်နှာ၊ သြဂုတ်-၁၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းယူနိုက်တက်အသင်းမိသားစုက လိုအပ်သည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်း၏ ရေဘေးကူညီထောက်ပံ့ရေးခရီးစဉ်အဖြစ် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ...
HomeMoviesဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။

မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ခြင်း၊ ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းတို့ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှုများစွာလျော့နည်းသွားမည်ဟု ပြောသည်။

ထို့ပြင် စက်သုံးဆီသယ်ယူဖြန့်ဖြူးမှုပိုမိုစနစ်ကျစေရန် မျှောစာထုတ်ပေးရာ၌ Application ရေးဆွဲကာ QR Code စနစ်အသုံးပြုနေရာ စစ်ဆေးရေးဂိတ်များတွင် Scan ဖတ်စစ်ဆေးနေပြီး မြစ်တွင်းသွားရေယာဉ်များအတွက် စက်သုံးဆီဖြန့် ဖြူးပေးရန် စံလုပ်ထုံးလုပ်နည်းများကိုရေးဆွဲပြီးဖြစ်သည်ဟု ပြောသည်၊

” နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ အဓိကဖြစ်တာကြောင့် ပြည်သူလူထုအကျိုးဖြစ်ထွန်းမှသာ ပြည်သူလူထု လေးစားအားကိုးယုံကြည်မှုရရှိမှာဖြစ်တဲ့အတွက် နိုင်ငံ တော်အတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုနေတဲ့ဝန်ထမ်းတွေ၊ Stakeholder တွေအနေနဲ့ စေတနာထားဆောင်ရွက်ကြပါ”ဟု ပြည်ထောင်စုဝန်ကြီးဦးကို ကိုလွင်က ပြောသည်။

ထို့ပြင် CNG သုံး Taxi ယာဉ်များကိုသုံးစွဲခြင်းဖြင့် လောင်စာဆီကုန်ကျမှုသက်သာသဖြင့် CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှစိုက်ထုတ်ပေးထားသည့်အခွင့်အရေးကို ပြည်သူများခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုပြီး YBS ယာဉ်များအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့်လမ်းကြောင်းများအတွင်း၌သာမောင်းနှင်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် တာဝန်ရှိသူများကကြပ်မတ်ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေဟု ပူတင်ပြော

မော်စကို၊ ဩဂုတ် ၁၅ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကိုရီးယားလွတ်မြောက်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကင်မ်ဂျုံအန်ထံ ပေးပို့သည့် သတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများ၌ အပြုသဘောဆောင်သည့် ပူးတွဲဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ကင်မ်ဂျုံအန်သည် ဩဂုတ် ၁၄ ရက်က ပြုံယမ်းမြို့ရှိ လွတ်မြောက်ရေးမျှော်စင်သို့...

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ် အိမ်ဖြူတော်က ပြင်းပြင်းထန်ထန် ဝေဖန်

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လီဗစ်က ပြောကြားခဲ့ပါတယ်။ ​ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်ပေးမယ့် အလားအလာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ လီဗစ်က "လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ရင် သမ္မတ ဒေါ်နယ်ထရမ့်က ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသထားပြီးသားပါ။ ကံဆိုးပြီး ဝမ်းနည်းစရာကောင်းတာက ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းအပါအဝင် တခြားနိုင်ငံတွေကို လက်နက်တွေ အများကြီး ပေးပစ်ခဲ့တာပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်ခဲယမ်းတွေ...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova တို့သည် ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များအကြား ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းလာစေရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071