Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeCelebrities' Newsဆီမီးမြိုင်မြိုင် မြန်မာတို့ရဲ့လတန်ဆောင်တိုင်

ဆီမီးမြိုင်မြိုင် မြန်မာတို့ရဲ့လတန်ဆောင်တိုင်

tzt

မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်ထဲမှာ မွန်မြတ်တဲ့ကုသိုလ်အလှူနဲ့ တန် ဆောင်တိုင်ပွဲတော်လည်း ရှိပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်ဆိုတဲ့ အတိုင်း ဒီလရာသီမှာ ကထိန်တွေ ခင်းကြ၊ ပ ဒေသာပင်တွေသီးကြ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ဒီလဟာ မြန်မာတို့ အတွက် ထူးမြတ်တဲ့ လတစ်လ ဖြစ်နေပါတယ်။ ဒီလိုထူးမြတ်တဲ့ တန်ဆောင်တိုင်လ အတွက် အမှတ်တရအဖြစ် ဒီတစ်ပတ်မှာတော့ လူငယ်မျိုးဆက် သစ် အနုပညာရှင်နှစ်ဦးနဲ့အတူရိုး ရာဓလေ့ တန်ဆောင်တိုင်မီးမျှောပွဲ ရိုက်ကူးမှု ပြုလုပ်ခဲ့ပါ တယ်။ လူငယ်တွေ ပြောကြတဲ့ တန်ဆောင်တိုင်ရဲ့ အမှတ်တရ တွေနဲ့ ထိန်းသိမ်း သင့်တဲ့ မြန်မာ့ရိုးရာဓလေ့တွေအကြောင်းကို ပေါ်ပြူလာစာဖတ်ပရိသတ်အတွက် တင်ဆက်ဖော် ပြလိုက်ရပါတယ်။

အောင်မင်းခန့်

” တန်ဆောင်တိုင်မှာတော့ ကျွန်တော်တို့က အမြဲတမ်းကထိန်အတွက် ပဒေသာပင်တွေစိုက်တယ်။ ကိုယ်ကိုးကွယ်တဲ့ကျောင်းမှာ လိုအပ်တဲ့ ဝေယျာဝစ္စလေးတွေ လှူဒါန်းပေးတယ်။ တန်ဆောင်တိုင် အမှတ်တရရယ် လို့တော့ ထွေထွေ ထူးထူးသိပ်မရှိပါဘူး။ တန်ဆောင်မုန်းလပြည့်ရောက်လာရင် လှူတယ်တန်းတယ်၊ အဲဒီလောက်ပါပဲ။ ငယ်ငယ်ကတော့ မိဘတွေ ဒီလိုရက်မျိုးမှာ ဖြတ်သန်းခဲ့တဲ့ပုံစံအတိုင်းပဲ ဖြတ်သန်းဖြစ်ခဲ့တယ်။ ကြီးလာတဲ့အခါကလည်း မြန်မာယဉ်ကျေးမှုဓလေ့ဂုဏ်အင်ထင်ဟပ်ဆုံးနဲ့အစည်ကားဆုံးပွဲတော် တစ်ခုပါ။ တကယ်တမ်း ကိုယ်တိုင်သွားလာ လှုပ်ရှားလာတဲ့အခါကျတော့ တကယ်လို အပ်တဲ့နေရာ တွေမှာ လှူဒါန်းမှုလေးတွေ ပြုလုပ်ဖြစ်လာခဲ့တယ်။ ဒီတန်ဆောင်တိုင်လက ကထိန်တွေခင်းကြ၊ ပဒေသာပင်တွေသီးကြ၊ ပျော်ပွဲရွှင်ပွဲတွေလုပ်ကြ၊ တကယ့်ကို နှစ်လိုဖွယ်ကောင်းတဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုပါပဲ။

ကျွန်တော်ပြောရမယ်ဆိုရင် တန်ဆောင်တိုင်မှာ မီးမျှောတာ တစ်ခါမှမလုပ်ဖူးပါဘူး။ ဒါမျိုးလည်း လုပ်ကြည့်ချင်နေခဲ့တာ။ အခု ပေါ်ပြူလာဂျာနယ်က ဒီလိုမီးမျှောပွဲ ပုံစံရိုက် ကူးဖို့ ကျွန်တော့်ကိုပြောလာတော့ တအား ဝမ်းသာသွားတယ်။ ကျွန်တော် တစ်ခါမှ မလုပ်ဖူးတဲ့ပုံစံတကယ့်လက် တွေ့လုပ်ခွင့်ရ သွားတဲ့အတွက် တကယ့်ကိုပီတီဖြစ်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်သာမဆင်နွှဲဖူးတာ၊ ကြာပန်းခွက်လေးတွေနဲ့ ပုံစံအမျိုးမျိုးလုပ်ပြီး မီးမျှောတဲ့ပုံစံလေးတွေ၊ ဓာတ်ပုံလေးတွေကို တော့ မြင်ဖူးပါတယ်။ ဒီနှစ်တန်ဆောင်တိုင်မှာတော့ အလုပ်ကိစ္စနဲ့ နယ်သွားဖို့ရှိနေပါတယ်။

အရင်နှစ်တွေတုန်းကတော့ ကျွန်တော်တို့ လမ်းထဲမှာ ဆိုက်ကားဆရာတွေ ပဒေသာပင် စိုက်တဲ့အခါပါဝင်ပြီး မိသားစုအတွက် ပဒေသာပင်တစ်ပင်စိုက်တယ်။ ရပ်ကွက်ထဲက ဓမ္မာရုံမှာ အလှူလုပ်တယ်။ ဒီလိုမျိုး မြန်မာ့ ယဉ်ကျေးမှုဆိုတာကို မြန်မာလူမျိုးတွေ ကိုယ်တိုင် ထိန်းသိမ်းရမယ်။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အမွေအနှစ်ကို ကိုယ်တိုင်မြှင့်တင်ပါ။ ပြီးတော့ လေးစားပါ တန်ဖိုးထားပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအမွေအနှစ် တွေကို ထိန်းသိမ်းဖို့ဆိုတာ မျိုးဆက်သစ်တွေရဲ့ တာဝန်ဝတ္တရားပဲလေ။ အခုကျွန်တော်တို့က မျိုးဆက်သစ် လူငယ်တွေဖြစ်သလို နောက်တက်လာမယ့် မျိုး ဆက်သစ်အားလုံးကလည်း မြန်မာ့ ယဉ်ကျေးမှုအားလုံးကို မြှင့်တင်ကြပြီး ကမ္ဘာ ကသိအောင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်”

sulin

စုလင်းရှိန်

” တန်ဆောင်တိုင်နဲ့အမှတ်တရဆိုရင် တောင်ကြီးတန် ဆောင်တိုင်ပွဲကို ဟိုးငယ်ငယ်လေးကတည်းက တစ်ခေါက် ပဲရောက်ဖူးတယ်။ မီးပုံးပျံလွှတ်တာဆိုတော့ တအားပျော်စရာ ကောင်းတယ်။ အန္တရာယ်လည်းများ တော့ ကွင်းထဲမသွားဘဲ ဘုရားကနေပဲကြည့်ဖြစ်တယ်။
တန်ဆောင်တိုင်ကပျော်ဖို့ ကောင်းပါ တယ်။ ငယ်ငယ်တုန်းကတော့ ဗျောက်အိုးတွေ ဖောက်တယ်။ အခုကျတော့သူများတွေ ဖောက်တဲ့ အသံကိုပဲအိမ်ကနေ နားထောင်ဖြစ် တယ်။ အိမ်မှာလည်းဖယောင်းတိုင်တွေထွန်းကြတယ်။ လူကြီးမိဘတွေနဲ့အသက်ကြီးတဲ့ အဘိုးအဘွား များကို ကန်တော့တယ်။

တန်ဆောင်မုန်းလပြည့်ဆိုလူကြီးတွေက မဲဇလီဖူးတွေ သုပ်စားကြတယ်။ ညီမတို့ကျတော့ ပံ့သကူပစ်တယ်။ အဲဒါကျတော့ နှစ်တိုင်းနီး ပါးလုပ်ဖြစ်တယ်။ ပျော်ဖို့လည်း တအား ကောင်းတယ်။ အဲဒီထဲမှာဆိုရင်ဆန်တစ်ပြည်ကို နို့ဆီ၊ တစ်ခါတလေကျရင်အင်္ကျီပါထည့်လိုက်တယ်။ မီးမျှောတာကို အပြင် မှာတော့ကိုယ်တိုင် တစ်ခါမှမမျောဖူးဘူး။ ဒါပေမဲ့ မြစ် ကြီးနား တုန်းက ဧရာဝတီမြစ်ကနေမျောလိုက်တာ လားမသိဘူး။ မီးတွေ အများကြီးရေထဲကမျှော လာတာကြည့်ဖူးတယ်။ တအားကို လှပြီးတအား ပိုပျော်ဖို့ကောင်းတယ်။ တချို့မြို့တွေမှာဆို မီးမျောတာပိုပြီးအလေ့အထရှိတယ်။တကယ် တမ်းမီးမျောတယ်ဆိုတာ မြန်မာ့ရိုးရာဓလေ့ တစ်ခုလည်း ဖြစ်တဲ့အတွက် လူငယ်တွေအနေ နဲ့လည်း မြန်မာ့ရိုးရာဓလေ့မပျောက်အောင်ထိန်း သိမ်းသင့်ပါတယ်။ အခုကိုယ်ကိုယ်တိုင်မီးမျှောခွင့်ရတဲ့အတွက်လည်း တအားပျော်ပါတယ်။

ပေါ်ပြူလာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071