(Unicode)
ဆိုင်ခန်းပေါင်း ၅၈ ခန်းပါဝင်သည့် ညစျေးတန်းကို တွံတေးမြို့နယ်၌ ဇန်နဝါရီလ ၁ ရက်တွင်ဖွင့်လှစ်မည်
တွံတေးမြို့၊ မင်းရဲကျော်စွာလမ်းအနီးတွင် ည ၆ နာရီမှစတင်ဖွင့်လှစ်ရန် စီစဥ်ထားပြီး ဆိုင်ခန်းပေါင်း ၅၈ ခန်းပါဝင်သည့် ညစျေးတန်းအား ဇန်နဝါရီ ၁ ရက်မှ စတင်ကာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လမ်းဘေးစျေးသည်များအား တစ်စုတစ်စည်းတည်း အဆင်ပြေစွာရောင်းချနိုင်ရန်နှင့်ဝယ်ယူမည့်သူများလည်း အဆင်ပြေစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
“ညနေဖက်ဆိုရင် စျေးသည်တွေကပြန့်ကျဲနေတာ ဟိုနေရာတစ်စု ဒီနေရာတစ်စုနဲ့ စုစုစည်းစည်းမရှိတော့ကြည့်ရတာလည်း အဆင်မပြေသလို ဆိုင်တွေနဲ့သေချာခင်းကျင်းပြီးရောင်းတာမဟုတ်ဘူးလေ”ဟု တွံတေးမြို့ခံတစ်ဦးကပြောသည်။
စျေးဆိုင်များဖွင့်လှစ်ရောင်းချရာတွင် ယခင်က စွန့်ပစ်အမှိုက်များအား ကြုံရာနေရာများ၌ စွန့်ပစ်ကြသဖြင့် မလိုလားအပ်သည့် ခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိခဲ့သည်။
“သေချာစနစ်တကျနဲ့ အမှိုက်ပုံးတွေ ဆိုင်ခန်းတွေနဲ့သပ်သပ်ရပ်ရပ် ဖွင့်နိုင်မယ်ဆိုရင်တော့အရမ်းကောင်းတယ် ရေရှည်မှာစည်းကမ်းလည်းရှိသွားသလို မြို့အင်္ဂါရပ်တွေနဲ့လည်းညီသွားတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။
(Zawgyi)
ဆိုင်ခန်းပေါင်း ၅၈ ခန်းပါဝင်သည့် ညဈေးတန်းကို တွံတေးမြို့နယ်၌ ဇန်နဝါရီလ ၁ ရက်တွင်ဖွင့်လှစ်မည်
တွံတေးမြို့၊ မင်းရဲကျော်စွာလမ်းအနီးတွင် ည ၆ နာရီမှစတင်ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆိုင်ခန်းပေါင်း ၅၈ ခန်းပါဝင်သည့် ညဈေးတန်းအား ဇန်နဝါရီ ၁ ရက်မှ စတင်ကာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လမ်းဘေးဈေးသည်များအား တစ်စုတစ်စည်းတည်း အဆင်ပြေစွာရောင်းချနိုင်ရန်နှင့်ဝယ်ယူမည့်သူများလည်း အဆင်ပြေစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
“ညနေဖက်ဆိုရင် ဈေးသည်တွေကပြန့်ကျဲနေတာ ဟိုနေရာတစ်စု ဒီနေရာတစ်စုနဲ့ စုစုစည်းစည်းမရှိတော့ကြည့်ရတာလည်း အဆင်မပြေသလို ဆိုင်တွေနဲ့သေချာခင်းကျင်းပြီးရောင်းတာမဟုတ်ဘူးလေ”ဟု တွံတေးမြို့ခံတစ်ဦးကပြောသည်။
ဈေးဆိုင်များဖွင့်လှစ်ရောင်းချရာတွင် ယခင်က စွန့်ပစ်အမှိုက်များအား ကြုံရာနေရာများ၌ စွန့်ပစ်ကြသဖြင့် မလိုလားအပ်သည့် ခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိခဲ့သည်။