Monday, June 29, 2026

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ပထမဝါဆိုလပြည့်နေ့တွင် အဘိဓမ္မာ (၇)...

ယနေ့ ဇွန် ၂၉ ရက်တွင်ကျရောက်သည့် ပထမဝါဆိုလပြည့်နေ့တွင် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ အသံမစဲ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကိုဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားကြီးတိုက်၊ ပတ္တမြားကျောင်းဆရာတော်နှင့်...

လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်၊...

တည်ငြိမ်အေးချမ်းလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့ ဇွန် ၂၉ ရက်(ပထ မဝါဆိုလပြည့်နေ့)တွင် မျက်နှာတော်သစ်ပူဇော်ပြီး အနေကဇာတင်လှူခဲ့ကြကြောင်း သိရသည်။ ကြွရောက်တော်မူလာကြသည့်...

UMFCCI ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း”...

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် အဆိုပါ...

Perkasa Flight School တွင်...

မြန်မာနိုင်ငံမှ ကျောင်းသား (၅) ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Commercial Pilot License (CPL)...
HomeMoviesဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများကို...

ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများကို လေး စားအသိအမှတ်ပြုကျေးဇူးတင်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့

ယမန်နေ့ ဇွန် ၂၈ ရက်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြေညာခဲ့ပြီးနောက် ဆရာ၊ ဆ ရာမများနှင့် ကျောင်းသားမိဘများကို လေးစားအသိ အမှတ်ပြုကျေးဇူးတင်သည်ဟု ဧရာဝတီတိုင်းအစိုးရ အဖွဲ့က ယနေ့ ဇွန် ၂၉ ရက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြခဲ့သည်။

ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်များပေါ်ထွက်လာစေရန် ဆရာ၊ ဆရာမများက မိမိတို့၏ကိုယ်ပိုင်အ ချိန်နှင့် လုပ်အားများကို စနစ်တကျရင်းနှီးပေးဆပ်ကာ စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကို လက် ကိုင်ပိုက်၍ မမောမပန်းသင်ကြားပြသလမ်းညွှန်ပေးခဲ့ကြ၍ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဆရာ၊ ဆရာမများ ၏ မေတ္တာ၊ ကရုဏာနှင့် စွမ်းစွမ်းတမံကြိုးပမ်းအား ထုတ်မှုများကို အထူးပင်လေးစားအသိအမှတ်ပြု၍ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သည်ဟု ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း သား၊သ မီးများ၏နောက်ကွယ်မှနေ၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အဖက်ဖက်မှပံ့ပိုးကူညီပေးခဲ့ကြပြီး သားကောင်း၊သမီးမွန်များဖြစ်လာစေရန် အောင်မြင်စွာပြုစုပျိုးထောင်ပေးခဲ့ကြသည့်အတွက်လည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့က မိဘအုပ်ထိန်းသူများအားလုံး၏ မေတ္တာ၊ ကရုဏာနှင့် စွမ်းစွမ်းတမံကြိုးပမ်းအားထုတ်မှုများကို အထူးပင်လေးစားအသိအမှတ်ပြု၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သည်ဟု ဖော်ပြခဲ့သည်။

ဆရာတို့၏သွန်သင်မှုနှင့် မိဘတို့၏လမ်းပြမှုများသည် ကလေးငယ်များ၏ အောင်မြင်မှုလမ်းကြောင်းအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့ရာ နောင်အနာဂတ်တွင် မိမိတို့ ဝါသနာပါသည့် အဆင့်မြင့်ပညာရပ်များကို ဆက် လက်ဆည်းပူးကာ နိုင်ငံတော်ကအားထားရမည့် ပညာ တတ် သားကောင်း၊သမီးမွန်များဖြစ်လာကြလိမ့်မည်ဟု နိုင်ငံတော်မှ အပြည့်အဝယုံကြည်မျှော်လင့်သည်ဟုလည်း ရေးသားဖော်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ပထမဝါဆိုလပြည့်နေ့တွင် အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်

ယနေ့ ဇွန် ၂၉ ရက်တွင်ကျရောက်သည့် ပထမဝါဆိုလပြည့်နေ့တွင် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ အသံမစဲ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကိုဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားကြီးတိုက်၊ ပတ္တမြားကျောင်းဆရာတော်နှင့် ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိတို့ကြီးမှူးသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကာ အလှည့်ကျဘာဏကဆရာတော်မှ အဘိဓမ္မာ (၇) ကျမ်းပါဠိတော်များကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်၊ အနေကဇာတင်

တည်ငြိမ်အေးချမ်းလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့ ဇွန် ၂၉ ရက်(ပထ မဝါဆိုလပြည့်နေ့)တွင် မျက်နှာတော်သစ်ပူဇော်ပြီး အနေကဇာတင်လှူခဲ့ကြကြောင်း သိရသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပူဇော်ကာ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များကအနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များကိုနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

UMFCCI ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကျင်းပမည်

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် အဆိုပါ စကားဝိုင်းတွင် ခရီးသွားကဏ္ဍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားမည် ဖြစ်သည်။ ယင်းသို့ ဆွေးနွေးခြင်းဖြင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး နှစ်ကြိမ်တိုင်တိုင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် ၎င်းစကားဝိုင်းများမှ ရရှိလာမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071