ဆရာမကြည်အေးရဲ့ ‘မောင်ကိုကို နှင့် မြနန္ဒာ’ နဲ့ ဆရာမခင်ခင်ထူးရဲ့ ‘တောမင်းသမီး’ ဝတ္တူနှစ်အုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးရန် ဒါရိုက်တာ ခရစ္စတီးနားခီက ဝယ်ယူခဲ့ပါတယ်။ အဆိုပါဝယ် ယူမှုမှာလည်း ဆရာဦးဝင်းငြိမ်းမှ ချိတ်ဆက်ကူညီပေးခဲ့ပါတယ်။ ဆရာ ဦးဝင်းငြိမ်းအနေနဲ့ကတော့ အဆိုပါ ဝတ္တူ နှစ်အုပ်လုံးကို ဒါရိုက်တာခရစ္စ တီးနားခီရိုက်ကူးမယ်ဆိုရင် သူ့အ နေနဲ့အောင်မြင်လိမ့်မယ်လို့ ယုံကြည် မိပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။
“ဒီဆရာမ ခင်ခင်ထူးက ‘တောမင်းသမီး’ ကိုတော့ ရွှေအမြူတေမှာ ၃၄လ ရေးသွားတဲ့ ဝတ္တူပေါ့။ သူ့မှာ theme ရှိတယ်။ သူ့ဇာတ်လမ်း သူရှိပြီးသားပါ။ အဲဒီ့အထဲမှာ သူက တော မင်းသမီးကြီးတွေရဲ့ အကြောင်းကို ထည့်သွားတယ်။ ထည့်သွားဖို့အတွက် ဆရာမက ခေတ်ဟောင်း မင်းသမီးကြီးတွေကို အင်တာဗျုး လုပ်ထားတယ်။ ဆရာမကသူ့ theme ထဲမှာ ဒီမင်းသမီးကြီးတွေရဲ့ အင်တာဗျုးတွေကို မြှပ်ထည့်သွားတယ်။ ဒါကို ခရစ္စရိုက်မယ်ဆိုတော့ အောင်မြင်လိမ့် မယ်လို့ယုံတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ္စကိုယ်တိုင်က ငယ်ငယ်ကတည်းက သူ့အမေက ပွဲကြိုက်ခင်လေ။ အဲဒီတော့ ခရစ္စက သူ့အမေနဲ့အတူ ဇာတ်ပွဲတွေကိုကြည့်ဖူးတယ်။ အဲဒီ့လိုပဲ သူ့အမေက ဇာတ်လည်း ကန်ထရိုက် လုပ်ဖူးတယ်။ အဲဒီလို ဆိုတော့ ဇာတ်ရဲ့အထာတွေ သူသိနေပြီ။ သိနေပြီဆိုတော့ သူရိုက်မယ်ဆိုရင် ဖြစ်ပါလိမ့်မယ်။ ပြီးတော့ သူကိုယ်တိုင်က အမေရိကမှာရှိတဲ့ ဦးညွန့်ဝင်းရဲ့ညီ ကိုဝင်းမောင်ဆီမှာ အကသင်ဖူးတယ်။ သူ ကောင်းကောင်း ကတတ်တယ်။ ဇာတ်ရဲ့ အတွေအကြုံလည်း သူ့မှာ ရှိပြီးသား ဆိုတော့ သူရိုက်ရင်အောင် မြင်လိမ့်မယ်လို့ ဦးက ယုံကြည်ပါတယ်” လို့ ရွှေအမြူတေ မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်းက ပြောပါတယ်။ လက်ရှိရုံတင်နေတဲ့ ဆရာမကြီး ကြည်အေးရဲ့ ‘မီ’ကို ပြန်လည်ရိုက်ကူးထားတဲ့ ‘မီ’ရုပ်ရှင်ဇာတ်ကားကိုလည်း သူ့အနေနဲ့ကြိုက်နှစ်သက်တယ်လို့ ဆရာဦးဝင်းငြိမ်းက ပြောပြခဲ့ပါသေးတယ်။
လင်းအက္ခရာ