ကဗျာဆရာ စာရေးဆရာ အယ်ဒီတာ စာပေဗိမာန်စာမူဆုရ ဦးအောင်သန်း(ဆရာ နန္ဒာမိုးကြယ်)
၁၉.၁၂.၅၇- ၃.၇.၂၁ အသက် ၆၄ နှစ်သည် ၉၆ပါးသော ရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်သည်။ ဆရာရေးသားသော “စိန်” ဆိုသည့် သေမင်းကိုစိန်ခေါ်သည့် ကဗျာကိုအမှတ်တရဖေါ်ပြလိုက်ပါသည်
စိန်
တရားဓမ္မ ရှာဖွေတွေ့လျှင်ဖြင့်
အခြားအရသာတွေ မေ့လိမ့်မည်။
တက်မက်ခြင်း “တဏှာ”…တဲ့လား
“မလာနဲ့…သွား”ရယ်လို့
တားဆီးစရာ မလိုလောက်အောင်
လွင့်ပျောက်ခဲ့ပြီ။
ငါ …အသိမှာလ
ငါဆိုတာ ဘယ်မှာရှိပေလိမ့်
သမာဓိ ရစ်နှောင်ချည်
ခိုင်ကျည်တဲ့ နှလုံးသား ။
ဘဝတာ နေညိုရောက်တဲ့တိုင်
ခြောက်လှန့်စေ တွန့်မတုဘု
ကောင်းမှုခြုံ၊ သီလမြဲလျှင်ဖြင့်
ရဲ့ရင့်စွာ တိမ်အပေါ်က
စိန်ခေါ်လျှင် ဘယ်မငြင်းတယ်
( ကိုင်း…)
သေမင်း… လာထား။
( လှိုင် ဗုဒ္ဓစာပေ မဂ္ဂဇင်း )
သြဂုတ်လ ၂၀၁၅။