Sunday, June 14, 2026

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့...

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍...
HomeNewsLocal Newsဆန်ဈေး တည်ငြိမ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က...

ဆန်ဈေး တည်ငြိမ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ကြမ်း တစ်အိတ် ၆၀၀၀၀ ကျပ်ဖြင့် အရန်ဆန်များ စတင်ရောင်းချ

ဈေးကွက်အတွင်း မြင့်တက်လျှက်ရှိသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အခြေခံ လူတန်းစားများ အစားများသည့် ဆန်ကြမ်း (ဧည့်မထ) ဆန်အိတ်များကို ယနေ့ ဩဂုတ်လ (၇) ရက်မှ စတင်ကာ တစ်အိပ်လျှင် (၆၀၀၀၀) ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည် ဒိုင်၌ စတင်ရောင်းချပေးနေပြီဖြစ်သည်။

ဆန်စပါးအသင်း အနေဖြင့် အရန်ဆန် အိတ်ရေ (၅၀၀၀၀) ကို ထုတ်ရောင်းပေးရန် ကနဦး စီစဉ်ခဲ့သော်လည်း လက်ရှိတွင် အိတ်ရေ တစ်သိန်းအထိ ရောင်းချပေးရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

” (ဧည့်မထ)ဆန်ကို အစက အိတ်ရေ (၅၀၀၀၀) အထိရောင်းပေးဖို့ပေါ့။ အခုအိတ်ရေတစ်သိန်းအထိ မှန်းထားတယ်။လက်လီဆိုင်တွေကိုလည်း နောက်အပတ်ထဲရောင်းပေးဖို့စီစဉ်ထားတယ်”ဟု  ဦးရဲမင်းအောင်က ပြောသည်။

ရန်ကုန်မြို့ ဝါးတန်းလမ်းရှိဆန်စပါး ကုန်စည်ဒိုင်အပြင် ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်တို့တွင်လည်း စတင်ရောင်းချပေးနေပြီး ဝယ်ယူလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် ပြသဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ဆန်ဝယ်ယူရာတွင် နိုင်ငံသား စိစစ်ဆေးကတ် (၁)ခုကို တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန် (၁) အိတ်နှင့် ဧည့်မထ အမျိုးအစား ဆန် (၁) အိတ်ကို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်၏ အရန်ဆန်များထဲမှ ဧည့်မထ (၂၅%) အမျိုးအစား ဆန်တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်၊ ဧည့်မထ (၁၀%) စားဆန်များ တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်တို့ဖြင့် ရောင်းချပေးနေပြီး ရွှေဘိုပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်မှ (၁၂၀၀၀၀) ကျပ်၊ဧရာဝတီပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၉၄၀၀၀) ကျပ်မှ (၉၇၀၀၀) ကျပ် စသဖြင့် ဈေးနှုန်း သတ်မှတ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြင်ပဈေးကွက်တွင် အခြေခံပြည်သူအများစု စားသုံးသည့် ဧည့်မထ ဆန်ကြမ်း တစ်အိပ်လျှင် (၈၀၀၀၀) ကျော်၊ ရွှေဘိုပါ်ဆန်း တစ်အိပ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း တစ်အိပ်လျှင် ၁၁၅၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်နေခြင်း ဖြစ်ပြီး အဆိုပါ ဈေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အရန်ဆန်များ ထုတ်ရောင်းပေးနေခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့် ဘော့စနီးယားတို့ တစ်ဂိုးစီ သရေကျ

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ သရေကျသွားခဲ့ကြောင်း Daily Mail ၏ ဖော်ပြချက်အရ သိရသည်။ ​အဆိုပါပွဲစဉ်ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ဇွန်လ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၁)မိနစ်တွင် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုဗိုလူကစ်က ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။ ​ပထမပိုင်းတွင် ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသည့် ခံစစ်ကြောင့်...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀ လက်ရွေးစင် တိုက်စစ်ကစားသမားကိုထပ်မံ ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀ အမျိုးသမီးလက်ရွေးစင်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ နတ်ချာနော့ခ် (Nachanok Kosonsaksakul)ကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးသော်လည်း ခြေစွမ်းပြည့်ဝသည့် တိုက်စစ်ကစားသမား နတ်ချာနော့ခ်သည် ထိုင်းနိုင်ငံ ယူ-၁၇ နှင့် ယူ-၂၀ လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ထိုင်းကလပ် ဖရာနာခွန် (Phranakorn FC)အသင်းအပြင်၊ အမေရိကန်အခြေစိုက် စတန်တွန်တက္ကသိုလ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071