ကလေးသရုပ်ဆောင် ငြိမ်းစုဝေ(ခ)ပေါက်စီ က ဇန်နဝါရီလ ၂၅ရက်နေ့ မှာ ကျရောက်တဲ့ သူမရဲ့အသက်၁၂နှစ် ပြည့်မွေးနေ့အလှူ ကို ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
“နှစ်တိုင်းကတော့မွေးနေ့မှာ အလှူလေးတွေလုပ်ရင်းဖြတ်သန်းဖြစ်ပါတယ်။မနှစ်က မိဘမဲ့ကျောင်းမှာ သွားလှူခဲ့တာပါ။ဒီနှစ်တော့ မေမေက ဘိုးဘွားရိပ်သာ မှာ လှူပါလားဆိုတော့ ဆည်းဆာရိပ်မှာ သွားပြီး လှူဒါန်းဖြစ်ခဲ့တာပါ။”လို့ ကလေးသရုပ်ဆောင် ငြိမ်းစုဝေက ပေါ်ပြူလာ ကိုဖြေကြားခဲ့ပါတယ်။
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ကလေးသရုပ်ဆောင် ငြိမ်းစုဝေ က ညစာအာဟာရနဲ့ တစ်သက်တာဆေးပဒေသာ ပင် ကိုလှူဒါန်းခဲ့ပြီး လမ်းဘေးခွေး စာ ကို ကျွေးမွေးကြသူအဖွဲ့မှာလည်း ခွေးကလေးများ အတွက် လှူဒါိန်းဖြစ်ခဲ့တယ်လို့သိရပါတယ်။









