သရုပ်ဆောင်ဆုအိမ့်စံက ဇူလိုင်လ ၁၃ရက်နေ့မှာ ရုံတင်မယ့် ‘ဘော်ဘော်ကထှော် ‘ရုပ်ရှင် ဇာတ်ကားကြီး အတွက် ရင်ခုန်နေပါ တယ်။
”ဇူလိုင်လ ၁၃ ရက်နေ့မှာ ဆုဆုရဲ့ ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ဖို့ရှိတယ်။ အဲဒီအတွက်လည်း အရမ်း ရင်ခုန်ပြီးတော့ ပျော်နေပါတယ်။ အဲဒီဇာတ်ကားလေးကလည်း ဟာသဇာတ် ကားဖြစ်လို့ ပရိသတ်ကြီးကြိုက်ကြ မယ်လို့ယုံကြည်ပါတယ်” လို့ ဆုအိမ့်စံကပြောပါတယ်။
သရုပ်ဆောင် အသစ်တွေများပြား တဲ့ အနုပညာလောက ထဲမှာ ကိုယ်တွေတုန်းကကော ဘယ် လိုတွေရုန်းကန်ပြီးဒီနေရာထိရောက်အောင် ကြိုးစားခဲ့ရလဲ၊ ကိုယ့်ကိုယ်ကိုယ်ကော အနုပညာနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ ကျေနပ်မှုရှိပြီလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဆုအိမ့်စံက…
”အနုပညာလောကထဲ ဝင်ကတည်းက ရုန်းကန်ခဲ့ရတဲ့အချိန်တွေ အများကြီးပဲ။ ဆုဆုအမြဲတမ်းလည်း ပြောပါတယ်။ အခက်အခဲတွေ၊ ရုန်းကန်မှု တွေကဘယ်အလုပ်မဆိုရှိပါတယ်။ ဆုဆုကတော့ ဒီအခက်အခဲတွေ အားလုံး ကိုအကောင်းဆုံးပဲ ကျော်ဖြတ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုပဲ ကိုယ်ရွေးချယ်ရတာလေ။ ပင်ပန်းခက်ခဲလည်း အကောင်းဆုံးဖြစ် အောင်ကြိုးစားဖို့ပဲအရေးကြီးပါတယ်’ လို့ပြောပါတယ်။
ဆုအိမ့်စံနဲ့သူရိယတို့ချစ်သူနှစ်ဦးဟာ ဖေ့စ်ဘုတ်စ်ပေါ်မှာစုံတွဲပုံလေးတွေ တင်လေ့ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ပုံလေးတွေကို သဘောကျ၊ အားကျတဲ့ ပရိသတ်တွေလည်း ရှိသလို၊ ရိုင်းစိုင်းတဲ့ ဝေဖန်မှုတွေလည်းရှိ နေပါတယ်။ အဲဒီလို ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဆုအိမ့်စံရဲ့ချစ်သူဖြစ်သူသရုပ်ဆောင် သူရိယက သူတို့ရဲ့ခွင့်ပြုချက်မရဘဲပုံတွေယူမသုံးဖို့ မီဒီယာတွေကို တားမြစ်ထားတာလည်း တွေ့ရပါတယ်။ အဲဒီလိုတားမြစ်မှုတွေနဲ့ပတ်သက်ပြီး ဆုအိမ့်စံက…
”ကိုသူရိယ တားမြစ်သလိုပါပဲ။ ဆုဆုတို့ရဲ့ စုံတွဲပုံတွေကိုယူမသုံးဖို့ တားမြစ်ထား ပါတယ်။ ဆုဆုတို့ စုံတွဲ ပုံတွေတင်ရင် ဥပမာအဲဒီပုံတွေကို မီဒီယာ တွေကယူသုံးလိုက်ရင် သူတို့ ရဲ့ကောမန့်တွေအောက်မှာ ဆဲကြဆို ကြတာ အများ ကြီးပဲ။ အဲဒီအတွက် နယ်မှာရှိနေတဲ့ အဖေနဲ့အမေတို့က လူကြီးတွေဆိုတော့ သူများပြောတာလည်း ယုံကြတာဆိုတော့ သူတို့စိတ်ထိခိုက်တာမျိုးလည်း မဖြစ်စေ ချင်လို့ပါ။ လူအများစုကအကောင်းတွေးတာ နည်းတယ်။ မကောင်းတဲ့ ဘက်ကပဲ အမြဲတွေးကြတာဆိုတော့ ဒီလိုမျိုးပုံလေးတွေ မတင်ဖို့တားမြစ်လိုက်ရတာပါ” လို့ ဆုအိမ်စံကပြောပါတယ်။
သဲစုလှိုင်
ဓာတ်ပုံ-အောင်ဇော်မင်း