Friday, May 29, 2026

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက်...

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့်...

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့်...
HomeInterviewsစီးရီးသစ်နှစ်ခွေ ဆက်တိုက် စီစဉ်နေတဲ့Big...

စီးရီးသစ်နှစ်ခွေ ဆက်တိုက် စီစဉ်နေတဲ့Big Bag မှ ကျားပေါက် နှင့်တွေ့  ဆုံခြင်း

ZAW_9568 copy

ကျားပေါက်နဲ့တွေ့ဆုံခိုက် ပရိသတ်တွေ သိချင် နေမယ်ထင်တဲ့အကြောင်းအရာတွေ နဲ့ပတ်သက်လို့ တွေ့ ဆုံ မေးမြန်းဖြစ်ခဲ့ ပါတယ်။

          ► ကိုကျားပေါက်တို့ နောက်ဆုံးထွက်ရှိခဲ့တဲ့ IDGAF   စီးရီးက MTV  ထွက်ရှိဦးမှာလား။

IDGAF ကို စီးရီးအနေနဲ့ မထွက်ရှိတော့ဘူး။WDGAF ဆိုပြီး လုပ်ခဲ့တဲ့ပွဲကို အခွေပြန်ထွက်မယ်။အဲဒီ ထဲမှာ IDGAF  က၃ ပုဒ်လောက် ပါမယ်။ ကျန်တာက အဲဒီပွဲကအတိုင်းပါမယ်။ ကျွန်တော်က Visual ကို သိပ် စိတ်မပါတဲ့အထဲမှာပါတယ်။ နောက်ပိုင်းတော့ ရိုက်ကူးပြီ ဆိုရင်လည်း ကျွန်တော်တို့တကယ်စိတ်ပါတဲ့၊ ကျွန်တော် တို့ ပုံစံပေါ်တဲ့ဟာမျိုးပဲ လုပ်ချင်တော့တယ်။

    ►ကျင်းပပြီးသွားတဲ့ X-Factor ပြိုင်ပွဲမှာလည်းMusic Producer အနေနဲ့ တွေ့ရတယ်။ ပါဝင်ဖြစ်ခဲ့ပုံ လေးပြောပြပါဦး။

ကျွန်တော်က Music Produce လုပ်ရတာ ဝါသနာ ပါတယ်။ သူများတွေအတွက်Music Produce လုပ်ပေး ချင်တယ်။ ဒါပေမဲ့ အခု မလုပ်ချင်တော့ဘူး။ဘာလို့ဆို ကိုယ့်တီးဝိုင်းအတွက် အချိန်မပေးနိုင်ဘူး ဖြစ်သလို ဖန်တီးမှုဘက်မှာလည်း အားလျော့တယ်။ ကျွန်တော်ပြီး ခဲ့တဲ့လတော်တော်များများမှာ ကိုယ့်ဝိုင်းအတွက် အချိန် ပေးတာ နည်းသွားတယ်။တခြား Artist တွေအတွက် လုပ် ပေးနေတာများတယ်။ တကယ်တမ်းကိုယ့်ဝိုင်းအတွက် တစ်ခုခုလုပ်မယ်ဆိုဦးနှောက်က အလွယ်တကူမထွက် တော့ဘူး။ အဲဒါကို ပြန်လျှော့ရမယ်။ နောက်ပိုင်းေ တာ့ အဲဒီလိုတွေ လုပ်ချင်မှလုပ်တော့မယ်။ ကိုယ်တအား စိတ် ပါလာရင်တော့ တစ်မျိုးပေါ့။ နောက်ပိုင်းတော့ ကိုယ့်ဝိုင်း အတွက်ပဲ အချိန် ပိုပေးဖြစ်မှာပါ။

    ►အဆိုပြိုင်ပွဲတစ်ခုရဲ့Music Producer အနေနဲ့ လည်း ပါဝင်ဖူးခဲ့တဲ့ ကျားပေါက်ကို တစ်ခုထပ်မေးချင်ပါ တယ်။ အဆိုပြိုင် ပွဲတော်ေ တ်ာများများ ဒီဘက်နှစ်ပိုင်းတွေ မှာ အရင်ထက် အားကောင်းလာခြင်းနဲ့အတူ အဲဒီက ပြိုင်ပွဲ ဝင်တွေ၊ဆုရရှိသူတွေရဲ့ ဂီတလောကမှာ လှုပ်ရှားမှုတွေ အပေါ်ပရိသတ်တွေရဲ့ဝေဖန်မှုအမျိုးမျိုးလည်းတွေ့ရပါ တယ်။ကျားပေါက်ရဲ့သဘော ထားကိုလည်းသိချင်ပါတယ်။

အဲဒါတစ်ယောက်ချင်းစီနဲ့ပဲ ဆိုင်တယ်ဗျ။ ဘယ်လိုပဲ တက်လာတက်လာ၊ကိုယ်ဘယ်လောက် အောက်သက်ကျေ လဲ၊ ကိုယ်ဘယ်ေ လာက် ဝမ်းစာပြည့်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ အဲဒီမှာ နှစ်မျိုးဖြစ်သွားတယ်။Star  ဖြစ်ဖို့ ရယ်၊ Artist အနေနဲ့ရပ်တည်ဖို့ရယ် ဘယ် လို သွားမှာလဲ ပေါ့။ စတားဖြစ်ရုံ သက်သက်ကဒီခေတ်မှာ သိပ်လွယ် တယ်။ စတားဖြစ်သွားဖို့က ဘာမှသိပ်မလိုဘူး။ Artist  အနေနဲ့ရပ် တည်မယ်ဆိုရင်တော့ စတားဖြစ်သွား ရုံနဲ့ မရဘူး။ အဲဒီအပေါ်မှာ ရွေးရတယ်။ထားပါ တော့။ ပြိုင်ပွဲကလာတဲ့ သူတွေပဲဖြစ်ဖြစ်၊ ဒီတိုင်း အပြင်ကတက်လာတဲ့ ဒီဂီတ လောကကို ဝင်မယ်ဆိုရင် ဘယ် လိုရပ်တည်မှာလဲ ဆိုတာရှိတယ်။ အဲဒါတစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ မယုံရင် လိုက်မေးကြည့်။ အဲဒီမှာ သူရပ်တည်ချင်တဲ့ ပုံစံအတိုင်း သူအောင်မြင်ရင်အောင်မြင်တာပဲ။ အနု ပညာအရအောင်မြင် ချင်တယ်။ အနုပညာ အနေနဲ့ အောင်မြင်သွားတယ် ဆိုလည်း အောင် မြင်တာပဲ။ စတားအနေနဲ့ ရပ်တည်မယ်။ စတားအနေနဲ့   အောင်မြ င်သွားတယ်ဆိုလည်း သူအောင်မြင်တာပဲ။ ဝုန်းခနဲ ပေါက်ချင်တယ်။ သူလည်း ဝုန်းခနဲပေါက်သွားတယ်။ ဒါကို ကျေနပ်တယ်ဆို ရင်ေ အာင်မြင်တာ ပဲ။ ကြာကြာခံ တာမခံတာကို လိုက်ခံစားတာ မခံစားတာ တစ်ပိုင်းပေါ့။ ဥပမာ-ကြာကြာ ခံချင်တာကို မခံသွားဘူးဆို ရင်တော့ သူမအောင်မြင်တာပဲ။ ဝုန်းခနဲပေါက်သွားရုံနဲ့ ကျေနပ်သွားတယ်ဆိုလည်း သူဝင်လာတဲ့ အနေအထားအရ အောင်မြင်တာပဲ။ ဒါတစ် ယောက်ချင်းစီပေါ်မှာ မူတည် တယ်။ ဘယ်လိုရပ်တည်မှာလဲပေါ့။ တချို့တွေကိုယ် ဘယ် လိုရပ်တည်ချင်လဲဆိုတာတောင်   သေချာမသိတာ ရှိတယ်။

►နောက်တစ်ခုကို Big Bag  အကြောင်းမေးချင်ပါ တယ်။Big Bag မှာ ကီးဘုတ်အတီးသမား တစ်ယောက် ထပ်ပြီး အားဖြည့်ထား တာ တွေ့ရပါတယ်။Big Bag ရဲ့ တောက်လျှောက်မှာလည်း Player အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်။ ဒီလို အနေအထားတွေ မှာBig Bag အပေါ် ဘယ်လိုတွေ ထိန်းသိမ်းခဲ့လဲ။

လွယ်တော့မလွယ်ဘူးဗျ။ နားလည်မှု တအားရှိမှရ မယ်။ ညီအစ်ကိုချင်းတောင် မတည့်တာတွေ ဘာတွေရှိ တာ။ နားလည်မှုတအား ရှိမှရမယ်။ နားလည်မှုရှိ မယ်ထင် ပြီး မရှိခဲ့လို့လည်း ရှေ့မှာကျွန်တော်တို့ အများကြီးဖြစ် ပျက်ခဲ့တယ်။ တောက်လျှောက် ဒီလူနဲ့တစ်သက် လုံး အကြာကြီးသွားဖို့ စိတ်ကူးယဉ်ခဲ့တာပေါ့။ ဒါလည်း ကံလိုက်မှ၊ နားလည်မှုရေချိန်လည်း ညီမှ။ ပြီးတော့ Band Bussiness   ပေါ့။ အားလုံး အဆင်ပြေနေမှလည်း ဒီဝိုင်း က ဆက်သွားလို့ရမှာ။အစမှာတော့ ဘယ်သူမှ ပိုက်ဆံကို ဂရုမစိုက်ဘူး။ အတူတူတီးကြတယ်ဆိုပေ မယ့် နောက် ပိုင်းမှာ အားလုံးအတူတူ စားဝတ်နေရေးအဆင်ပြေ နေဖို့ လိုတယ်။ နောက်တစ်ခုက ကျွန်တော်က ဘယ်တော့မှ တစ်ေ ယာက်တည်း မရပ်တည်ချင်ဘူး။ ဒီ Band  နဲ့ပဲ သွား ချင်တာ။ ကျွန်တော်က အစကတည်းလည်း ဒီBand   မှာအခြေခံကစပြီး အတီးသမား ဆိုတော့ သံယောဇဉ်အများ ကြီးရှိတယ်။ ဒီImage နဲ့ပဲ ဆက်သွားမယ်။ ကျွန်တော်တို့ အချင်းချင်း ကြားထဲမှာ ကွယ်တာ ဝှက်တာဘာမှ မရှိဘူး။ အကုန်လုံးကလည်း ဒီလိုပဲ ဆက်သွားချင်တယ်။ အပင် စိုက်သလိုပေါ့ဗျာ။ ဒီအပင်လေး ရှင်သန်နေအောင် လုပ်ရတာပေါ့။ Band မှာ တစ်ခုခုအပြောင်းအလဲဖြစ် တိုင်းTempo ကျမသွားအောင်လုပ်ဖို့က အရေးကြီးတယ်။ ရှေ့မှာလည်း ကြောက်ခဲ့တာတွေရှိတာပေါ့။ ဒါလုပ်ရ တော့မယ်ဆိုတဲ့ အခြေအနေမှာ ကိုယ်ကရှေ့မှာ တစ်ခု ကိုတည် ဆောက်ထားပြီးသား။ ဒါကို အားလုံး ပြန်ဖျက်ပြီး အစကပြန်စ ရတော့မယ့် အခြေအနေတွေဖြစ်တယ်။ အဲဒီလိုက ကျွန်တော့်ဘဝမှာ ခဏခဏဖြစ်တယ်။ ကြာ တော့ ဒါက အလေ့အကျင့်လိုဖြစ်လာပြီး ဒီစိန်ခေါ်မှုကို ကြိုက်လာရော။ ပင်ပန်းတဲ့အခါတွေလည်း ရှိတယ်။Give Up လုပ်လိုက်ချင်ခဲ့တဲ့အခါတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီBand နဲ့ပဲ ဆက်သွားချင်တာကိုး။ ပြီးတော့ ကျွန်တော်တို့ ဝိုင်းမှာ တစ်ခုခုအပြောင်းအလဲလုပ်မယ်ဆို အကြာ ကြီး လေ့လာတယ်။ ပြီးတော့ ကျွန်တော့် မှာBand နဲ့ပတ်သက် ရင် တစ်ကိုယ်ရေအတ္တလုံးဝမရှိဘူး။

သီချင်းရေးရင်လည်း ပုံစံအမျိုးမျိုးနဲ့ တီးလို့ရအောင် ဖွင့်ထားတယ်။ ပြီး တော့ Band မှာ ဝိုင်းသားအသစ် ပြောင်းတိုင်း သူ့ကိုအမြဲဦးစား ပေး တယ်။ တယ်လီပန့်ခ်မှာတုန်းကဆိုရင် ရဲဇော်ကို ဦးစား ပေးတယ်။ အသစ်ရောက်လာတာလာတာပဲ။ ငါ့ဂီတ ပုံစံ ကိုတော့ အထိမခံဘူး။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ကြာရင် ဟောင်းသွားမှာပဲ။ သူ့ရဲ့လုပ်နိုင်တဲ့ စွမ်းရည်ကို တည်ပြီး ရေးတယ်။ သူ ဘာကို အားသာလဲ။ အဲဒီ အပေါ် မှာပဲ လုပ်တယ်။ အကုန်လုံး ပြိုင်တူ လည်ပတ်ကြတယ်။ အဲဒါကိုတော့ ကစားရတယ်။ အခုဖြိုးမင်းနိုင် ရောက်လာ တဲ့အခါ သူ့အတွက်ပါ အရင်သီချင်းတွေမှာ လိုင်းတွေ ထပ်ဖြည့်တယ်။ သူလည်း ဒီအင်ဂျင်မှာ ဝင်လည်တော့မှာ ဖြစ်တဲ့အတွက် သူလည်ဖို့ နေရာ ထားရတယ်။အဲဒါ လည်း ကျွန်တော်တစ်ယောက်တည်းလုပ်လို့မရဘူး။ တစ်ဝိုင်းလုံး နဲ့ပေါင်းပြီး လုပ်ရတယ်။

►ဆွီဒင်မှာ လုပ်ခဲ့တဲ့WOC စီးရီး အပြင် Anger Management  ဆိုတဲ့ စီးရီးသစ်လည်း ထပ်လုပ်နေတယ် ကြားတယ်။ ရှေ့တစ်ခွေ မထွက်ခင်မှာပဲ ဒါကို ဆက်တိုက် စီစဉ်ဖြစ်ခဲ့တာလည်း သိချင်မိတယ်။

ကျွန်တော်တို့ ဆွီဒင်မှာလုပ်တဲ့  Weapon Of Choice   က စီစဉ်ရ မယ့် အဆင့်တွေများတယ်။ အဲဒါက ဘယ်လောက်အချိန်ယူမယ် ဆိုတာ မသိဘူး။ အဲဒါကို ကျွန် တော်တို့ ထိုင်စောင့်မနေချင်ဘူး။ ကြားထဲမှာ သီချင်းတွေ ထပ်ရေးဖြစ်တာလည်း ရှိနေပြီ။ Band မှာလည်း အဖွဲ့ ဝင်တစ်ယောက်တိုးနေပြီဆိုတော့ စီးရီးသစ်ကို ထပ်လုပ် လိုက်ကြတာ။လောလောဆယ်တော့ ၁ဝပုဒ်ရှိတယ်။Weapon Of Choice   က ကျွန်တော်တို့ဘက်က အားလုံး ပြီးပြီ။ ကျန်တာက ဟိုဘက် ပရိုဂျူဆာတွေ အပိုင်းဆိုတော့ ကျွန်တော်တို့လည်း ပရိသတ်တွေ နဲ့အတူ စောင့်နေကြ တယ်။ အားနာတယ်။ ဒါကြောင့် နောက် တစ်ခွေကို ဒီကြားထဲမှာ မြန်မြန်လုပ်မယ်။

 ရဲရဲ၊

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071