စိတ်မနှံ့တဲ့မြေးမလေးနဲ့အစ်မဖြစ်သူကိုပဲပြုတ် ရောင်းပြီးရှာဖွေကျွေးနေရရှာတဲ့အသက်၇၀ အရွယ်အမေကြီးကို မိုးစက်မှအလှူငွေလှူဒါန်း
စိတ်မနှံ့တဲ့မြေးမလေးနဲ့ အစ်မဖြစ်သူတို့ကို ခြေထောက် မကောင်းတဲ့ကြားက ပဲပြုတ်ရောင်းပြီးရှာဖွေ ကျွေးမွေးနေရရှာတဲ့ အသက်၇၀ အရွယ်အမေအိုကြီးကို ဇန်နဝါရီလ ၁ ရက်နေ့ကမိုးစက်မှ အလှူငွေများလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။
” စိတ်မနှံ့တဲ့ မြေးမလေး နဲ့ အစ်မဖြစ်သူတို့ကိုခြေထောက်မကောင်းတဲ့ကြားက ပဲပြုတ်လေးရောင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ အသက် (၇၀) အရွယ် အမေအိုကြီးကို ၁သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။အဖွားက တောင်ဒဂုံ (၂၆) ရပ်ကွက်မှာ မနက်ပိုင်း စားတော်ပဲပြုတ် နဲ့ ညနေပိုင်း ပဲကတ္တီပါပြုတ်တို့ကို ရောင်းချလျက်ရှိပါတယ်။” လို့မိုးစက်မှ ပြောပါတယ်။
အခုလက်ရှိမှာ မိုးစက်အနေနဲ့ သက်ကြီးအဖိုးဖွားများအတွက်တတ်နိုင်သလောက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။
Zaw Gyi