Monday, April 20, 2026

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့်...

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့...

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို...

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှတောင်သူများကို ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင် (၁၀၀,၅၀၀)ကျပ်ဖြင့်ရောင်းချပေး

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင်(၁၀၀,၅၀၀)ကျပ်နှုန်း တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာစင်တာ၌ ယနေ့ ဧပြီ ၁၉...
HomeCelebrities' Newsစိတ်ငြိမ်းချမ်း ပျော်ရွှင်ဖွယ်ရာ ခရီးသွားတို့...

စိတ်ငြိမ်းချမ်း ပျော်ရွှင်ဖွယ်ရာ ခရီးသွားတို့ ဒီဇင်ဘာ ရင်ခုန်သံ

okka

ဆောင်းရာသီထဲ ချင်းနင်းဝင်ရောက်ချိန်ကာလဖြစ်တဲ့ မြူနှင်းမှုန် ရပ်ရှစ်ခွင်အုံ့ကာဆိုင်းကာ အေးစိမ့်စွတ်စို စိမ်းလန်းမှုတွေနဲ့ ဒီဇင်ဘာလဟာ ခရီးသွားရာသီလ လည်း ဖြစ်ပါတယ်။ မြန်မာပြည် တစ်ဝန်းက ထင်ရှားတဲ့ တန်ခိုးကြီး ဘုရားတွေ၊ အပန်းဖြေနေရာတွေနဲ့ အထင်ကရ မြို့နေရာတွေဆီကို အရောက်သွားကြကာ သူငယ်ချင်း အပေါင်းအသင်းများနဲ့ဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ စိတ်အပန်းဖြေ ခရီး ထွက်ကြလေ့ရှိကြပါတယ်။ ဒီလို ပဲ အနုပညာ လောကသားတွေ အနေနဲ့လည်း အနုပညာအလုပ်ကိစ္စ နဲ့ရော၊ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနဲ့ပါ ခရီးသွားရာသီအဖြစ် ကိုယ်တိုင် လွတ်လပ် ပျော်ရွှင်စွာ အပန်းဖြေလေ့ရှိကြတဲ့ အချိန် ကာလပဲဖြစ်ပါတယ်။ ဒါကြောင့် နေရာဒေသမျိုးစုံ လှည့်လည်ခရီးသွားရင်း ဆောင်းရာသီကာလ အေးမြစိမ်းလန်း စွတ်စိုနေတဲ့သဘာဝအလှ ရှုခင်းပေါင်းစုံ ကြည့်ရှု ခံစား ဖြတ်သန်းခဲ့ကြရတဲ့ ခရီးသွားလရာသီ ရဲ့ ဒီဇင်ဘာလ ရင်ခုန်သံကို အနုပညာရှင်တွေဖြစ်ကြတဲ့ ဥက္ကာမင်းမောင်နဲ့ အလှမယ်အမရာငြိမ်းတို့ကို ရိုက်ကူးပုံဖော် တင်ဆက်လိုက်ရပါတယ်။

ဥက္ကာမင်းမောင်

ကျွန်တော် ခရီးသွားတာ တအားဝါသနာပါတယ်။ ခရီးသွားတာ ဆောင်ပုဒ်တစ်ခုရှိတယ်။ ခရီးသွားခြင်းအားဖြင့် အသိပညာ၊ အတွေးအခေါ်တွေ ပိုပြီး ကျယ်ပြန့်လာတယ်။ တစ်ခါတလေကျရင် ကျွန်တော်တို့တွေက “နွားခြေရာခွက်ထဲမှာပဲ လက်ပစ်ကူး” လို့ မရဘူး။ ပင်လယ်ဆိုတာကြီးက ဘာလဲဆိုတာ သိအောင် ကိုယ်ကိုယ်တိုင်ကလည်း လေ့လာစူးစမ်းရမယ်။ အဲဒီလို လေ့လာပြီးရင်လည်း လက်ဆင့်ကမ်း မျှဝေရမယ်။ ကျွန်တော်က ခရီးသွားရင်း လေ့လာဖို့ တအား ဝါသနာပါတယ်။ ကျွန်တော်သွားနိုင်သမျှ၊ လက်လှမ်းမီသမျှတော့ ခရီးသွားဖြစ် မှာပါ။ ခရီးသွားနေရရင် ကျွန်တော်က ပျော်တယ်။ နေရာသစ်၊ ဒေသအသစ် တွေနဲ့တွေ့ရရင် သူတို့ရဲ့အကြောင်းအရာလေးတွေ သိခွင့်ရတယ်။ ကျွန်တော် ဆိုရင် ခရီးသွားတိုင်း သူတို့ရဲ့အကြောင်းအရာတွေကို လိုက်ပြီးလေ့လာတယ်။ သူတို့ရဲ့ ပုံစံရော၊ သူတို့ဘယ်လိုကျင်လည်လဲဆိုတာရော လေ့လာဖြစ်တယ်။ လူတွေဆိုတာ တစ်ယောက်ဘဝနဲ့တစ်ယောက် မတူကြဘူး။ ခရီးသွားရင် သူတို့ပြောတာလေးတွေလည်း နားထောင်ဖြစ်တယ်။ အဲဒီလိုမျိုး နားထောင်ရင်း နဲ့ ကိုယ်ချင်းစာစိတ် တွေလည်း ပိုပွားလာတယ်။ သူတို့ပေးတဲ့ သင်ခန်းစာတွေ လည်း ယူသင့်ရင် ယူရတယ်။ ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး မက်ဆေ့ခ်ျပေးချင် တာက ခရီးသွားနိုင်သမျှသွား။ ဘဝမှာ အမှတ်တရ အခိုက် အတန့်ဆိုတာက နှစ်ခါပြန်မလာဘူး။ ခရီးသွားခြင်း အားဖြင့်လည်း ကိုယ်လေ့လာ စူးစမ်းနိုင်သလောက် တော့ အသိပညာ၊ ဗဟုသုတတွေကတော့ရ လာမှာပဲ။ ခရီးသွားရင်း ပြန်လည်မျှဝေလို့ ရတယ်။ ကိုယ်ခရီးသွားရင်းနဲ့ ကိုယ်တွေ့ ကြုံခဲ့တဲ့ အတွေ့အကြုံလေးတွေပဲဖြစ်ဖြစ်၊ ဗဟုသုတလေးတွေပဲဖြစ်ဖြစ်၊ ပြင်ဆင် သင့်တဲ့အရာလေးပဲဖြစ်ဖြစ် တခြားသူတွေကို ပြန်လည်မျှဝေကြပါလို့ ပြောချင်ပါတယ်။

okka-2

အမရာငြိမ်း

အမရာအနေနဲ့ ခရီးသွားရတာ ဝါသနာပါတယ်။ အလုပ်ကိစ္စတွေနဲ့လည်း ခရီးထွက်ဖြစ်တယ်။ ကိုယ်တိုင်လည်း သီးသန့်ခရီးထွက်ဖြစ်တယ်။ ခရီးသွားတာ လူငယ်တွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း ခရီးသွားသင့်ပါ တယ်။ လူကြီးတစ်ယောက်အနေနဲ့ ကျန်းမာနေသေးတယ်ဆိုရင် ကိုယ့် ဘဝရဲ့ ကျန်တဲ့အချိန်တွေကို ခရီးသွားရင်းနဲ့ ဖြတ်သန်းသင့်တယ်။ ခရီး သွားရင် ကိုယ်မရောက်ဖူးတဲ့ နယ်မြေအသစ်၊ ဒေသအသစ်တွေ ရောက်ဖူး တယ်။ မသွားဖူးတဲ့ နေရာတွေ သွားရတယ်။ မစားဖူးတဲ့ အစားအစာတွေ စားရတယ်။ ပြီးတော့ ရိုးရာယဉ်ကျေးမှုတွေ အများကြီးသိခွင့်ရတယ်။ ခရီးသွားရတာ အမရာအတွက် ကောင်းကျိုးတွေမသိပေမယ့် တအား လွတ်လပ်မှုကို ခံစားရတယ်။ ပြည်တွင်းနဲ့ ပြည်ပခရီးသွားရတာ ကွာပါ တယ်။ ပြည်တွင်းခရီးက တအားဈေးကြီးတယ်။ ပြည်ပခရီးမှာ ဈေးကြီး တာက ဂျာမနီက ဈေးကြီးပါတယ်။ ဘာပဲပြောပြော တစ်နှစ် တစ်ခေါက် တော့ မိသားစုနဲ့ ခရီးသွားသင့်တယ်။ မိသားစုကိုလည်းအချိန်ပေးရာ ရောက်ပါတယ်။

တွယ်တာ၊ ချယ်ရီ
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071