Saturday, September 19, 2026

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅...

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan...
HomeCelebrities' Newsစိတ်ဓာတ်ကျဖို့ အချိန် မရှိတော့ဘူး...

စိတ်ဓာတ်ကျဖို့ အချိန် မရှိတော့ဘူး ချမ်းချမ်း

စိတ်ဆင်းရဲစရာတွေ၊ ရင်မော စရာတွေ၊ စိတ်ပင်ပန်းမှုတွေရှိခဲ့ ပေမယ့် လက်ရှိအချိန်မှာတော့ အားအင်အပြည့်နဲ့ သီချင်းတွေဆိုရင်း သမီးလေး အတွက်လည်း အချိန်ပေးရင်းနဲ့ ဖြတ်သန်းဖြစ်နေတဲ့ သူကတော့ အဆိုတော် ချမ်းချမ်းပါ။ ဒီကာလတွေမှာ ဘယ်လိုပုံစံမျိုး၊ ဘယ်လိုစိတ်မျိုးတွေနဲ့ ဖြတ်သန်း ဖြစ်နေပါသလဲလို့ ချမ်းချမ်းကို မေး တော့…..

“အဓိကက သင်ခန်းစာပေါ့နော်။ ဘဝမှာသင်ခန်းစာယူစရာ သင့်တဲ့ အရာတွေ၊ ဆောင်သင့် တာ တွေ၊ ရှောင်သင့်တာတွေကို ပြန်ပြီး တော့ လေ့လာပြီးတော့မှ သတိထား ပြီးနေတဲ့အခါကျတော့ အစ်မမှာ စိတ်ညစ်ဖို့ အစီအစဉ်မရှိဘူး။ စိတ်ဓာတ်ကျဖို့ အစီအစဉ်မရှိတော့ဘူး။ အဓိကက အစ်မသမီးလေး အတွက် ရုန်းကန်မယ်ဆိုတဲ့စိတ်ရယ်၊ အစ်မပရိသတ်အတွက် အကောင်း ဆုံးတွေကို ရှေ့နှစ်ကျရင် ဘယ်လိုချပြမလဲဆိုတဲ့ Plan ရယ်ဆိုတာတွေကို Target ထားလိုက်တော့ အစ်မမှာ စိတ်ဓာတ်ကျဖို့ အချိန်မပေးတော့တဲ့ သဘောပေါ့နော်”လို့ သူမကပြော ပါတယ်။        ‘သို့….ချစ်နေတုန်းပဲ’  လို့အမည်ပေးထားတဲ့ ချမ်းချမ်းရဲ့ တစ်ကိုယ်တော်အခွေက သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတာပါ။ အခွေထွက်ရှိခဲ့တဲ့ ပရိုမိုး ရှင်း နေ့တုန်းကဆို တစ်ခဲနက်လာ ရောက် အားပေးကြတဲ့ပရိသတ်တွေလည်း အများ ကြီးရှိပါတယ်။ အခွေလေး အောင်မြင်ခဲ့တဲ့ အပေါ် ချမ်းချမ်းက ……

“တီးခတ်ပေးတဲ့ ဆရာတွေ အကုန်လုံးက အရည်အချင်းအလွန်ကို ပြည့်ဝပြီးတော့ တကယ့်ကို ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ သူတို့ အချိန်ပေးနိုင်လို့သာ အစ်မအခွေ ကောင်းလေးထွက်နိုင်တာပေါ့နော်။ ဒီအခွေ ကောင်းကို စောင့်မျှော်ပေးတဲ့ ပရိသတ်ရှိလို့သာ အစ်မရဲ့ အခွေမှာနား ထောင်ပေးမယ့်သူရှိတာပေါ့။ အဆင့် တိုင်း၊ အဆင့်တိုင်းက အကျိုး နဲ့ အ ကြောင်းရှိမှပဲ အရာတစ်ခုက ဖြစ် တည်တာလေ။ ဆိုတဲ့ အခါ ကျတော့အစ်မရဲ့ ပရိ သတ်တွေရှိလို့အစ်မ အခွေလုပ်ဖြစ်တယ်။ အစ်မအခွေကိုအကောင်း ဆုံးဖန်တီးပေးတဲ့ ဆရာ တွေ တစ်ယောက် ချင်းစီ၊ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင် ပါ တယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071