Friday, February 13, 2026

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်...

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏...

ရန်ကုန်-ဒလမြစ်ကူးတံတားဖြတ်သန်းခွင့်ကို မနက် ၄ နာရီမှ...

မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတံတားဖွင့်ကာစတွင် မနက် ၆ နာရီမှ ည ၈ နာရီအထိ...
HomePoemစိတ်ကူးယဉ် ရွက်လွှင့်ခြင်း

စိတ်ကူးယဉ် ရွက်လွှင့်ခြင်း

nay

မင်းရဲ့ နေ့ညတစ်ခုလုံး
ကိုယ့်ဖြစ်တည်မှုရဲ့ လာရာသို့ရွေ့စေချင်ပါရဲ့ . . . ။

မျှော်လင့်ချက် အိပ်မက်တွေ
စိတ်ဝိညာဉ်တစ်ခုလုံး လွှမ်းမိုးတဲ့ခါ
အတ္တကြီးမှု ဦးခေါင်းတစ်လုံးနဲ့
ကာလသုံးဖြာကို လှည့်လည်စေစားပြီး
ကြိုးစားမှု အပဲ့တွေကို ပေးမိခဲ့တဲ့ခဏ
လျှောက်လမ်းဟာ နာနာကျင်ကျင်
ဘဝဆိုတာ ဘာဆိုဘာမှ  မရေမရာ
မင်း ဒီဒဏ်ရာတွေကို ဆေးထည့်ပေးနိုင်ပါ့မလား ။
လမ်းမထက် ပြေးလွှားနေတဲ့ မော်ဒန်ကဗျာတွေ
သမိုင်းကို တွန်းကန်ဖို့ ရွေ့လျားခြင်းတွေ
အဆိုးများစွာရဲ့ မုန်တိုင်းထန်မှုတွေ
ဒါတွေဟာ ဝဋ်နာကံနာမဟုတ်
ပေါင်းစပ်နေတဲ့ ဂီတအလင်း
မင်း လိုက်ပါ သီဆိုပေးနိုင်ပါ့မလား ။

က – ကလေးငယ် ချစ်စဖွယ်
မင်း . . . ။
ခ – ခရေးကုံး ပြုံးပြုံးလေးတစ်ဖြစ်နဲ့
လက်တွဲခဲ့ နေ့များစွာကို
တပင်တိုင် နန်းတော်အထက်
နေနိုင်ပါရဲ့လား ။
ချစ်စွာသော ဘဝအပဲ့များကြား
အရာရာဟာ အကောင်းတိုင်းမရခဲ့ရင်
အပျက်အစီးတွေကို မြတ်နိုးမှုတစ်ခုအနေနဲ့
တိုးစီးရတဲ့ ဘတ်စ်ကားလို
မင်းကြည်ဖြူစွာ လိုက်ပါနိုင်ရဲ့လား ။
ငါ့ထံပါး အလင်းဖျဖျရှိရဲ့
မင်းထံပါး ချို့တဲ့ရောင်ခြည်ရှိရဲ့
ပေါင်းကူးတံတား ပန်းခင်းလမ်း  မဖြစ်တောင်
ကိုယ်ပိုင်အလင်းနဲ့ ထွန်းလင်းနိုင်တယ်ဆို
စိတ်ကူးထားတဲ့ ငါ့တို့ကမ္ဘာအတွက်
ဒီစကားလေး ဆက်သလိုက်တယ် . . .
ဘယ်ဘက်ခြမ်းကိုဖွင့်ပြီး နားစိုက်ထောင်လိုက်ပါ ။

( မင်းရဲ့ နေ့ညတစ်ခုလုံး
ကိုယ့်ဖြစ်တည်မှုရဲ့ လာရာသို့ရွေ့ စေချင်ပါရဲ့ . . . ။)

နေဝန်းသစ်-အင်းစိန်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071