စားဝတ်နေရေး ခက်ခဲတဲ့အခြေခံလူတန်းစား လူအယောက် ၁၀၀ အတွက်ဆန်တစ်ပြည်နဲ့ကြက်ဥ ၅ လုံးလှူဒါန်းပေးခဲ့တဲ့ လူရွှင်တော် စိစိ
ပြည်မြို့မှာရှိတဲ့ တချို့အခြေခံလူတန်းစားလူအယောက် ၁၀၀ စာအတွက် ဆန်တစ်ပြည်နဲ့ ကြက်ဥ ၅ လုံးလှူဒါန်းပေးခဲ့တဲ့အပြင် ၅၀၀တန်ထမင်းဆိုင်လေးမှာ ဝယ်စားဖို့မတတ်နိုင်တဲ့လူအယောက် ၁၀၀ စာကျွေးမွေးဖို့အတွက်အလှူငွေများပေးပြီး လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။
” ဆန်တစ်ပြည်နဲ့ကြက်ဥ ၅ လုံးလှူဖြစ်တာက ပြည်မှာရှိတဲ့ အစ်ကို့တို့ အနီးနားမှာနေတဲ့ မိသားစုလေးတွေကအခြေခံလူတန်းစားလေးတွေများတယ် တနေ့လုပ်မှတနေ့စားရတဲ့သူတွေဆိုတော့ မိဘလုပ်သူတွေအလုပ်သွားရင် ကျန်ခဲ့တဲ့ကလေးလေးတွေက ကြက်ဥနဲ့ဆန်လေးတွေချက်စားလို့ရအောင်လို့ဆိုပြီး အယောက် ၁၀၀ စာလှူပေးခဲ့တယ်။နောက်ပြီးအစ်ကုိတို့ ပြည်က ၅၀၀ တန်ထမင်းဆိုင်လေးဘက်ရောက်တဲ့အချိန်မှာ ၅၀၀ တန်ထမင်းလေးတောင်ဝယ်မစားနိုင်တဲ့သူတွေကိုတွေ့ပြီး စိတ်မကောင်းလို့ ပွဲ ၁၀၀ စာလှူပေးခဲ့တယ် ။ ပြီးတော့ လမ်းမှာတွေ့တဲ့ စိတ်ဝေဒနာရှင်နဲ့ သက်ကြီးအဖိုးအဖွားတွေကိုလဲ အနွေးထည်လေးတွေ လှူဒါန်းပေးခဲ့တာဖြစ်တယ်” လို့ လူရွှင်တော်စိစိက ပြောပါတယ်။
အခုလက်ရှိမှာလူရွှင်တော် စိစိက မွေးရပ်မြေပြည်မြို့ကိုရောက်ရှိနေပြီး မရှိဆင်းရဲချို့တဲ့သူတွေအတွက် တတ်နိုင်သလောက်ကူညီလှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။
Zaw Gyi
စားဝတ္ေနေရးခက္ခဲတဲ့အေျခခံလူတန္းစား လူအေယာက္ ၁၀၀ အတြက္ဆန္တစ္ျပည္နဲ႔ၾကက္ဥ ၅ လုံးလႉဒါန္းေပးခဲ့တဲ့ လူ႐ႊင္ေတာ္ စိစိ
ျပည္ၿမိဳ႕မွာရွိတဲ့ တခ်ိဳ႕အေျခခံလူတန္းစားလူအေယာက္ ၁၀၀ စာအတြက္ ဆန္တစ္ျပည္နဲ႔ ၾကက္ဥ ၅ လုံးလႉဒါန္းေပးခဲ့တဲ့အျပင္ ၅၀၀တန္ထမင္းဆိုင္ေလးမွာ ဝယ္စားဖို႔မတတ္ႏိုင္တဲ့လူအေယာက္ ၁၀၀ စာေကြၽးေမြးဖို႔အတြက္အလႉေငြမ်ားေပးၿပီး လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။
” ဆန္တစ္ျပည္နဲ႔ၾကက္ဥ ၅ လုံးလႉျဖစ္တာက ျပည္မွာရွိတဲ့ အစ္ကို႔တို႔ အနီးနားမွာေနတဲ့ မိသားစုေလးေတြကအေျခခံလူတန္းစားေလးေတြမ်ားတယ္ တေန႔လုပ္မွတေန႔စားရတဲ့သူေတြဆိုေတာ့ မိဘလုပ္သူေတြအလုပ္သြားရင္ က်န္ခဲ့တဲ့ကေလးေလးေတြက ၾကက္ဥနဲ႔ဆန္ေလးေတြခ်က္စားလို႔ရေအာင္လို႔ဆိုၿပီး အေယာက္ ၁၀၀ စာလႉေပးခဲ့တယ္။ေနာက္ၿပီးအစ္ကုိတို႔ ျပည္က ၅၀၀ တန္ထမင္းဆိုင္ေလးဘက္ေရာက္တဲ့အခ်ိန္မွာ ၅၀၀ တန္ထမင္းေလးေတာင္ဝယ္မစားႏိုင္တဲ့သူေတြကိုေတြ႕ၿပီး စိတ္မေကာင္းလို႔ ပြဲ ၁၀၀ စာလႉေပးခဲ့တယ္ ။ ၿပီးေတာ့ လမ္းမွာေတြ႕တဲ့ စိတ္ေဝဒနာရွင္နဲ႔ သက္ႀကီးအဖိုးအဖြားေတြကိုလဲ အေႏြးထည္ေလးေတြ လႉဒါန္းေပးခဲ့တာျဖစ္တယ္” လို႔ လူ႐ႊင္ေတာ္စိစိက ေျပာပါတယ္။
အခုလက္ရွိမွာလူ႐ႊင္ေတာ္ စိစိက ေမြးရပ္ေျမျပည္ၿမိဳ႕ကိုေရာက္ရွိေနၿပီး မရွိဆင္းရဲခ်ိဳ႕တဲ့သူေတြအတြက္ တတ္ႏိုင္သေလာက္ကူညီလႉဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။