Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeArticlesစာပေအယ်ဒီတာတစ်ဦး ၏ အယ်ဒီတာ့ပညာရွှေမန္တလေးဂျာနယ်...

စာပေအယ်ဒီတာတစ်ဦး ၏ အယ်ဒီတာ့ပညာရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ်ဆရာသိုက်ထွန်းသက်နှင့်တွေ့ဆုံခြင်း – ၃

ဒီတစ်ပတ်မှာတော့ အယ်ဒီတာ့ ဘဝမှာ အခက်ခဲဆုံးအချိန်တွေ၊ စာ ပေဖြတ်သန်းမှုတစ်လျှောက်လုံးမှာ စံ ထားရတဲ့ အယ်ဒီတာတွေနဲ့ စာပေ အနုပညာ စံထားရတဲ့ မဂ္ဂဇင်းတွေ အကြောင်းနဲ့ပတ်သက်ပြီး ရွှေမန္တလေး ဂျာနယ်အယ်ဒီတာချုပ် ဆရာသိုက် ထွန်းသက်ရဲ့ အဖြေစကားများကို ဆက်လက်ဖော်ပြလိုက်ရပါတယ်။

အယ်ဒီတာ့ပညာ မသိ၊ မတတ် ဘဲ အယ်ဒီတာလုပ်နေတယ်ဆိုတဲ့ စကားတွေ ကြားနေရပါတယ်။ အဲဒီ စကားအပေါ် ဆရာဘာပြောချင်ပါ သလဲ။

အယ်ဒီတာပညာမသိဘဲ မ တတ်ဘဲ ကျွန်တော်တို့လည်း ဂျာနယ် ရေစီးထဲ ခုန်ချခဲ့တာပဲ။ အယ်ဒီတာ ဖြစ်ထိုက်၊ မဖြစ်ထိုက်၊ အယ်ဒီတာ အရည်အချင်းရှိမရှိဆိုတာက စာဖတ် သူတွေနဲ့ ကိုယ့်ကို စောင့်ကြည့်နေတဲ့ ဆရာသမားတွေက ဆုံးဖြတ်သွား တာပါပဲ။ ပြီးတော့ ကိုယ့်နောက်က မျိုးဆက်ကလည်း သူတို့ဆရာတကယ် တတ်သလား၊ မတတ်သလားဆိုတာ သိကြပါတယ်။ တိုက်ထိုင်အယ်ဒီတာ တစ်ယောက်ဖြစ်လာအောင် သင် တန်းမရှိဘူး။ ဒီပလိုမာလက်မှတ်ပေး ပြီး ထိုင်ခိုင်းလို့လည်း မရဘူး။ သာ သနာရေးမှာတော့ ကျောင်းထိုင်ဘုန်း ကြီးသင်တန်းဆိုတာရှိတယ်။ တိုက် ထိုင် အယ်ဒီတာသင်တန်းဆိုတာ လည်း မရှိဘူး။ သင်တန်းလက်မှတ် ရမှ အယ်ဒီတာလုပ်ရမယ်ဆိုတဲ့ မူ မရှိဘူး။ ဒါပေမဲ့ စာပေအတွေ့အကြုံ ရှိရမယ်။ အောက်ခြေကနေ တက် လာရမယ်။ ဒီနေ့ သတင်းစာတိုက် ကြီးတွေရဲ့ အယ်ဒီတာချုပ်တချို့ဟာ သတင်းစာလုပ်ငန်းအတွေ့အကြုံကို အောက်ခြေသိမ်းလုပ်လာခဲ့သူတွေ ဖြစ်တယ်။ ဒီတော့ ပညာဆိုတာက ဘယ်တော့မှပြည့်စုံတယ်မရှိဘူး။ အ တွေ့အကြုံတော့ ရှိရမယ်။ မပြတ် လေ့လာ အားထုတ်နေရမယ်။

ဆရာ့ အယ်ဒီတာ့ ဘဝမှာ အ ခက်ခဲဆုံးအချိန်တွေက ဘာတွေလဲ။ အခက်အခဲတွေကို ဘယ်လိုကျော် ဖြတ်ခဲ့သလဲ ဆရာ။

ဒီမေးခွန်းအတွက် ကျေးဇူးတင် ပါတယ်။ ကျွန်တော်အယ်ဒီတာလုပ် တဲ့ ဂျာနယ်က မန္တလေးမြို့ကနေ ထုတ်ဝေတာပါ။ ရန်ကုန်စာပေစိစစ် ရေးကို စာမူကြမ်းရုံးတင်ဖို့ကစပြီး အနုပညာသတင်းတွေ ရရှိရေးက အစ အခက်အခဲတွေ အများကြီးရှိပါ တယ်။ နောက်ဆက်တွဲစာမူကြမ်း လိုက်ရတာလည်း အတော်မလွယ်တဲ့ ကိစ္စပါ။ အခက်ခဲဆုံးက နိုင်ငံရေး အဖွဲ့အစည်းနဲ့ အာဏာပိုင်တွေရဲ့ မျက်လုံးထောင့်ထောက် ကြည့်နေ တာ ခံရတာပါပဲ။ တစ်ခုတည်းသော ပုဂ္ဂလိက ဂျာနယ်ရယ်လို့ ဖြစ်လာတဲ့ အခါ အစိမ်းလိုက် ဝါးစားတာခံရ တော့မယ့်အတိုင်း ခြိမ်းခြောက်ခံရပါ တယ်။ ကျွန်တော်ဒီဂျာနယ်ကို အ သက်ဆက်ရှင်သန်စေချင်တယ်။ ကျွန်တော့်ကို အမှီပြုတဲ့ ဝန်ထမ်းတွေ လည်း ရှိတယ်။ ကိုယ်ကိုယ်တိုင်က လည်း ၁၄ နှစ်လုံးလုံး ထုတ်ဝေသူ အဖြစ် ဆောင်ရွက်ခဲ့တာ မဟုတ်ဘူး။ ငွေကြေးအရင်းအနှီးထုတ်၊ စီမံအုပ် ချုပ်သူက သတ်သတ်ရှိတယ်။ သူ ရော ကျွန်တော်ပါ ရန်ရှာခံရတယ်။ ဖြေရှင်းရတယ်။ နားလည်မှုရသွား တယ်။ နားလည်မှု ယူလိုက်တာ မ ဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဂျာ နယ်တစ်စောင်ကို ရိုးရိုးသားသားပဲ လုပ်ကိုင်နေတာပါ။ စာပေစိစစ်ရေး ခွင့်ပြုထားတာထက်လည်း ပိုထည့် လို့ မရပါဘူး။ ဆိုရရင် ကျွန်တော် တို့နဲ့ သူတို့ ရန်သူလို မဖြစ်အောင် တော့ နေခဲ့ရတယ်။ ဒါပေမဲ့ ပျော် ပျော်ကြီး ပေါင်းဖက်ခဲ့တာ မဟုတ် ကြောင်း သက်သေပြစရာတွေ ကျွန် တော့်မှာ အမြဲရှိတယ်။ ပြီးတော့ ပြည်သူရဲ့ဆန္ဒသဘောထားကို ဆန့် ကျင်ပြီး သူတို့အာဘော်တွေပါမ သွားအောင် ကျွန်တော်တို့အားထုတ် ခဲ့ရတယ်။ တကယ်ခက်ခဲပါတယ်။ မန္တလေးက ရန်ကုန်မဟုတ်ပါဘူး။ ရန်ကုန်မှာ ရုပ်ရှင်မင်းသား၊ မင်းသ မီးတစ်ယောက် လမ်းပေါ်တွေ့ရင် လှည့်ကြည့်ချင်မှတောင် ကြည့်မယ်။ ပြီးတော့ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်မျိုးတွေ လည်း သူ့လမ်းသူသွား သူ့အလုပ်သူ လုပ်နေကြတာပဲ။ မန္တလေးလိုနေရာမှာ တော့ မတူဘူး။ အရာရာစောင့်ကြည့်ခံခဲ့ ရတယ်။ စွက်ဖက်တာခံခဲ့ရတယ်။ ၂ဝ၁ဝ မတိုင်မီအထိ ကြုံခဲ့ရတယ်။

ဆရာ့စာပေဖြတ်သန်းမှုတစ် လျှောက်လုံးမှာစံထားရတဲ့ အယ်ဒီ တာများနဲ့ စာပေအနုပညာစံထား ရတဲ့ မဂ္ဂဇင်းများအကြောင်းကိုလည်း ပြောပြပေးပါဆရာ။ ဘာကြောင့် စံ ထားရတယ်ဆိုတာလည်း ရှင်းပြပေး စေလိုပါတယ်။

ဒီမေးခွန်းဖြေရင် ရှည်သွားနိုင် သလို ဘယ်လောက်ရေးရေး ပြည့်စုံ မှာ မဟုတ်ပါဘူး။ နာမည်တွေ တန်း စီရွတ်ပြရင်လည်း အရှည်ကြီးဖြစ်လိမ့် မယ်။ ပြီးတော့ ကျန်သွားပါဦးမယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်းမှသည်လို့ပဲ ဆို ကြပါစို့။ ဆရာကြီး ဆရာမကြီးတချို့ က သတင်းစာ သီလအလွန်ကောင်း ပါတယ်။ အမြဲတမ်းမှန်တဲ့ဘက်က ရပ်တည်ပြီး မကြောက်မရွံ့ပြောတတ် ရေးတတ်တယ်။ ဒါပေမဲ့ သတင်းစာ ရောင်းကောင်းအောင် မရေးသင့်က မရေးဘူး။ မထည့်သင့်က မထည့်ဘူး။ တချို့က သတင်းနဲ့ပတ်သက်လာရင် အမြဲတမ်းဆာလောင်နေတယ်။ ကျား ကုတ်ကျားခဲ သတင်းလိုက်ရဖို့ အမြဲ တမ်းအဆင်သင့်။ သူစိတ်ဝင်စားတဲ့ သတင်းဆိုရင် ထည့်တာပဲ။ သူတို့က လည်း ဘာကိုမျှ မကြောက်တတ်ဘူး။ ဂျာနယ်ကျော်ဦးချစ်မောင်၊ လူထုဦး လှ၊ လူထုဒေါ်အမာလို ဆရာကြီး ဆရာမကြီးတွေကိုလည်း သတင်းစာ သီလကြောင့် စံနမူနာထားတယ်။ သတင်း မုဆိုးကြီးတွေဖြစ်တဲ့ မိုးကြိုး ဦးအုန်းခင်၊ ကြေးမုံဦးသောင်း၊ အ ထောက်တော်လှအောင်တို့ကို ကြိုက် တာက တစ်မျိုးပေါ့။ ဆရာကြီး ရွှေ ဥဒေါင်းရဲ့ ခေါင်းကြီးတွေ၊ ဦးသိန်း ဖေမြင့်၊ အိုးဝေဦးညိုမြ၊ ဆရာဇဝန၊ ဆရာတက်တိုး၊ စိန်ခင်မောင်ရီ၊ ကြေးမုံကြီးမောင်း လူထုစိန်ဝင်းတို့ရဲ့ သတင်းစာဆောင်းပါးတွေ။ အဲဒါ တွေ စွဲလမ်းခဲ့လို့ အဲဒီဆရာကြီးတွေကို လည်း ‘စံ’အဖြစ် သတ်မှတ်ထားပါ တယ်။ ပြီးတော့ နိုင်ငံပိုင်သတင်းစာ တစ်စောင်ကို ပြည်သူဘက်မျက်နှာ မူပြီး သတင်းစာသမားကောင်းတစ် ယောက်ဟာ ဘာဆိုတာ လမ်းပြခဲ့တဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဖြစ် ပါတယ်။
စာပေမဂ္ဂဇင်းတွေ ဘက်ပြော ရမယ်ဆိုရင်တော့ ရှုမဝနဲ့ မိုးဝေပါပဲ။ ရှုမဝဦးကျော်၊ ဆရာတင့်တယ်တို့ ခေတ်ကနေ ဆရာမောင်မြင့်မြတ်၊ ဆရာမောင်ဆွေတင့်တို့ ခေတ်အထိ ရှုမဝမူကို ထိန်းသိမ်းပြီး စာပေအနု ပညာလက်ရာမြောက်တဲ့ ဝတÄုတွေ ဖော်ပြနိုင်ခဲ့တဲ့ ရှုမဝ၊ ဆရာနတ်နွယ် ခေတ်၊ ဆရာအောင်မော်၊ ဆရာညို သစ်၊ ဆရာသန်းအုန်းတို့ ခေတ်မိုးဝေ မဂ္ဂဇင်း၊ မိုးဝေပထမခေတ်မှာ မိုးဝေ ကဗျာခေတ်ကြီး ဟုန်းဟုန်းထခဲ့တယ်။ ဆရာအောင်မော်တို့ ဆရာညိုသစ် ဆရာသန်းအုန်းတို့ခေတ်မှာ စာပေ မဂ္ဂဇင်းပီသမှုကို ပြသနိုင်ခဲ့တယ်။ ယုံ ကြည်ချက်နဲ့ အနုပညာကို အချိုးကျ မျှတအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ရှုမဝမဂ္ဂဇင်း အယ်ဒီတာများနဲ့ မိုးဝေ မဂ္ဂဇင်းအယ်ဒီတာများဟာ ကျွန် တော် လေးစားတဲ့ အယ်ဒီတာများဖြစ် ပါတယ်။ အဲဒီနောက် ပေဖူးလွှာ၊ မဟေသီ ရောင်းကောင်းတဲ့ ကာလ။ ဒီမဂ္ဂဇင်းနှစ်စောင်စလုံးကို သဘော ကျတယ်။ ကျွန်တော်တို့ အများဆုံးထိ တွေ့ဆက်ဆံရတဲ့ ဆရာဦးခင်မောင် မြင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သ ဘောကျပါတယ်။ ဆရာ့ရဲ့ မာန်မာန ကင်းမှု၊ ကိုယ်ရည်မသွေးတတ်မှုနဲ့ လို အပ်ရင် ပြတ်သားခိုင်မာမှုတွေကို ကြိုက်ပါတယ်။ တစ်ပြိုင်နက်တည်း ဆရာမြတ်သစ်နဲ့ ဒဂုန်၊ ဆရာချစ်ဦး ညိုနဲ့ သဘင်၊ ဆရာတင်ကိုအောင်နဲ့ ဟန်သစ်၊ ဆရာဝင်းငြိမ်းနဲ့ ရုပ်ရှင်အ မြုတေ၊ရွှေအမြုတေ၊ ဆရာအဝကျွန်း ချစ်မောင်နဲ့ ရုပ်ရှင်တေးကဗျာ၊ ဆရာ ငြိမ်းအေးအိမ်၊ ဆရာမျိုးမြတ်သူ တို့ရဲ့ သရဖူ၊ ဆရာမောင်စိမ်းနီရဲ့ ပိ တောက်ပွင့်သစ်၊ ဆရာကျော်စိန်မင်း နဲ့ ဆရာချစ်ဝင်းမောင်တို့ရဲ့ ရနံ့သစ်၊ ဆရာမောင်သွေးသစ်ရဲ့ စာပေဂျာ နယ်၊ ဆရာအောင်စိုးသူရဲ့ စတိုင် သစ်၊ ဆရာမြတ်ခိုင်ရဲ့ ရင်ခုန်သံ၊ မန္တ လေးဂျာနယ်၊ ရုပ်ရှင်အမြုတေ၊ ဆရာ မော်လင်းရဲ့ Beauty။

ဆရာခွန်ဂျာမှိုင်းနဲ့ ရင်ခုန်ပွင့် စတဲ့စတဲ့ အဲဒီခေတ်က အပြိုင်အဆိုင် ဖူးပွင့်ကြတဲ့ မဂ္ဂဇင်းမှန်သမျှ သဘော ကျသလို အယ်ဒီတာတိုင်းကို လေး စားပါတယ်။ ဆရာမကြီးဒေါ်ခင်ဆွေ ဦးရဲ့ စံပယ်ဖြူနဲ့ ဆရာမကြီးကလျာ (ဝိဇ္ဇာ/သိပ္ပံ)ရဲ့ ကလျာမဂ္ဂဇင်းများ လည်း ပါပေသပေါ့။ ဆရာမကြီးများ ကိုလည်း အထူးလေးစားခဲ့သပေါ့။

လေးစားစွာ

ညိုသစ်ငယ်

Ads Space Available


Continue reading

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်ကဈေးထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ရောင်းချရမည့် ဈေးသည်လည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ကြောင်း သိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ယဉ်ကျေးမှုပြခန်းအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်း ကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများကိုလည်း မြန်မာ့လက်ဖက်ရည်ဖြင့်ဧည့်ခံခဲ့သည်။  အဆိုပါ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတ ကာယဉ်ကျေးမှုပြခန်းများကို ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများကြား ချစ် ကြည်ရင်းနှီးမှုပိုမိုတိုးမြင့်လာစေရန်နှင့် ပြည်သူများကြား ယဉ်ကျေးမှုဖလှယ်နိုင်မှုကိုမြှင့်တင်နိုင်ရန်ရည် ရွယ်၍ ထည့်သွင်းပြသခဲ့ခြင်းဖြစ်သည်။ 

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၁၇ တွင် စတင်လုပ်ဆောင်ပေးမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယခုလ ဖေဖော်ဝါရီ (၁၇)ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံက ယနေ့တွင် အသိပေးထားသည်။ CI လက်မှတ်လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအစိုးရကထုတ်ပေးထားသည့် Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်များရရှိစေရေအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071