Monday, June 23, 2025

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန်...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊...

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။ လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန်...
HomeArticlesစာသားအနည်းငယ်

စာသားအနည်းငယ်

အက္ခရာ တွေ၊ ဝေါဟာရ တွေကို ရိုသေလေး စား တန်ဖိုးထားရ ကောင်းမှန်းသိတဲ့အချိန်ကိုရောက် တော့ ကျုပ်က အသက်ကြီးပါပြီ။ ကျုပ် လူငယ်ဘဝတုန်းကတော့ ဒီလိုပဲ ဘာ သိဘာသာ ဖြတ်သန်းသွားခဲ့တာပဲ လေ။ ကျုပ်စာတွေဖတ်တယ်။ ကျုပ် ကြိုက်တဲ့စာသားတွေတွေ့ရရင် အောက်ကနေမျဉ်းသားတယ်။ နှစ် ခေါက်၊ သုံးခေါက်ဖတ်တယ်။ အလွတ် ရသွားတော့တာပဲ။ စာသားတစ်ခုကို ဘာကြောင့်ကြိုက်မိသလဲဆိုတာ အဲဒီ တုန်းကတော့ ဘယ်စဉ်းစားမိမလဲ လေ။ ကျုပ်ဆင်ခြင်ပါတယ်။ ဘာသာ စကား၊ ဝေါဟာရ၊ အက္ခရာတွေဟာ ကျုပ်မမွေးခင် နှစ်အများကြီးကတည်း က ရှိခဲ့တာ။ ခုတော့ အဲဒါတွေကို ကျုပ်ရိုသေတတ်ခဲ့ပြီ။ အက္ခရာတွေ၊ ဝေါဟာရတွေမှာ စင်ကြယ်တဲ့ အဓိပ္ပာယ်တွေ ကိန်းအောင်းနေတဲ့ ခေတ်ကို ကျုပ်ကြုံခဲ့ဖူးတယ်။ အဲဒါက တော့ ကျုပ်ရဲ့လူငယ်ဘဝ နှစ်ကာ လများပါပဲ။

အက္ခရာတွေ၊ ဝေါဟာရတွေမှာ သူ့ရဲ့မူလတန်ဖိုး ရင်းမြစ်အဓိပ္ပာယ် ရှိနေချိန်ဟာ စင်ကြယ်တဲ့ အဓိပ္ပာယ် ကိန်းအောင်းနေတဲ့ အချိန်ပါပဲ။ ခုရောဘယ်လိုလဲလို့ ကျုပ်ဆင်ခြင် ကြည့်မိတယ်။ ကျုပ်ရှေ့ဆက်မ တွေးနိုင်တဲ့ နေရာရောက်ရင် ရပ်လိုက်ပြီး ကျုပ်ဘာသာငြိမ်နေ ရတယ်။ ကျုပ်နေ့စဉ်ဖတ်နေရတဲ့ အက္ခရာတွေ၊ ဝေါဟာရတွေဟာ ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်သလို ထွက်ရှိလာတာမျိုးလား။ ဒီလိုစဉ်း စားရတာ ကျုပ်အဖို့သိပ်တော့ဟန် မကျပေဘူး။ ဟုတ်ချင်ရင်ဟုတ်ပေ လိမ့်မယ်။ ဟုတ်ချင်မှလဲ ဟုတ်ပေ လိမ့်မယ်။ ကျုပ်လူငယ်ဘဝက အတော်ထူ ထဲတဲ့ စာအုပ်အချို့ကို တစ်ရွက်ချင်း လှန်ပြီး အေးအေးလူလူ ဖတ်နိုင်ခဲ့ တယ်။ တစ်ချို့စာအုပ် တွေကိုတော့ မြိန်ရေယှက်ရေ ဖတ်ခဲ့ တာပေါ့။ နေဦး စောစောက ပြောခဲ့ တဲ့စကားကို ပြန်ဆက်ရရင် ကျုပ်တို့ နေ့စဉ် ဖတ်ရှုနေကြတဲ့ အက္ခရာတွေ၊ ဝေါဟာရတွေ၊ ဝါကျတွေ၊ စာ ကြောင်းတွေ၊ စာပိုဒ်တွေဟာ ကုန် ပစ္စည်းတစ်ခု ထုတ်လုပ်သလိုမျိုး ထွက်ပေါ်လာတာဆိုခဲ့ရင် ကုန် ကြမ်းဟာ ဘယ်လိုအမျိုးအစား များ ပါလိမ့်။ ကျုပ်ကတော့ စင်ကြယ် သော အဓိပ္ပာယ်တွေ ကိန်းအောင်း တဲ့ခေတ်ကို ကြုံခဲ့ဖူးသူပါ။ ကျုပ် ရှင် သန်ကြီးပြင်းခဲ့ရတဲ့ ခေတ်အမှတ်ရ ဖွယ်တွေထဲမှာ အက္ခရာတွေ၊ ဝေါဟာရနဲ့ ဝါကျတွေလည်း ပါသ ပေါ့။

ကျုပ်စာကြောင်းတစ်ကြောင်းကို ရေးကြည့်ဖူးတယ်။ ဒါပေမဲ့ အဲဒီစာ ကြောင်းကို ခုနေခါ ပြန်ရေးကြည့် လိုက်ရင် အဓိပ္ပာယ်ဟာ တစ်ထပ် တည်း ဖြစ်နိုင်ပါတော့မလား။ အက္ခရာတွေ၊ ဝေါဟာရတွေမှာ သူ့ရဲ့မူလတန်ဖိုး ရင်းမြစ်အဓိပ္ပာယ် ရှိနေချိန်ဟာ စင်ကြယ်တဲ့ အဓိပ္ပာယ် ကိန်းအောင်းနေတဲ့ အချိန်ပါပဲ။ ခုရောဘယ်လိုလဲလို့ ကျုပ်ဆင်ခြင် ကြည့်မိတယ်။ ကျုပ်ရှေ့ဆက်မ တွေးနိုင်တဲ့ နေရာရောက်ရင် ရပ်လိုက်ပြီး ကျုပ်ဘာသာငြိမ်နေ ရတယ်။ ကျုပ်နေ့စဉ်ဖတ်နေရတဲ့ အက္ခရာတွေ၊ ဝေါဟာရတွေဟာ ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်သလို ထွက်ရှိလာတာမျိုးလား။ ဒီလိုစဉ်း စားရတာ ကျုပ်အဖို့သိပ်တော့ဟန် မကျပေဘူး။ ဟုတ်ချင်ရင်ဟုတ်ပေ လိမ့်မယ်။ ဟုတ်ချင်မှလဲ ဟုတ်ပေ လိမ့်မယ်။ ကျုပ်လူငယ်ဘဝက အတော်ထူ ထဲတဲ့ စာအုပ်အချို့ကို တစ်ရွက်ချင်း လှန်ပြီး အေးအေးလူလူ ဖတ်နိုင်ခဲ့ တယ်။ တစ်ချို့စာအုပ် တွေကိုတော့ မြိန်ရေယှက်ရေ ဖတ်ခဲ့ တာပေါ့။ နေဦး စောစောက ပြောခဲ့ တဲ့စကားကို ပြန်ဆက်ရရင် ကျုပ်တို့ နေ့စဉ် ဖတ်ရှုနေကြတဲ့ အက္ခရာတွေ၊ ဝေါဟာရတွေ၊ ဝါကျတွေ၊ စာ ကြောင်းတွေ၊ စာပိုဒ်တွေဟာ ကုန် ပစ္စည်းတစ်ခု ထုတ်လုပ်သလိုမျိုး ထွက်ပေါ်လာတာဆိုခဲ့ရင် ကုန် ကြမ်းဟာ ဘယ်လိုအမျိုးအစား များ ပါလိမ့်။

ကျုပ်ကတော့ စင်ကြယ် သော အဓိပ္ပာယ်တွေ ကိန်းအောင်း တဲ့ခေတ်ကို ကြုံခဲ့ဖူးသူပါ။ ကျုပ် ရှင် သန်ကြီးပြင်းခဲ့ရတဲ့ ခေတ်အမှတ်ရ ဖွယ်တွေထဲမှာ အက္ခရာတွေ၊ ဝေါဟာရနဲ့ ဝါကျတွေလည်း ပါသ ပေါ့။ ကျုပ်စာကြောင်းတစ်ကြောင်းကို ရေးကြည့်ဖူးတယ်။ ဒါပေမဲ့ အဲဒီစာ ကြောင်းကို ခုနေခါ ပြန်ရေးကြည့် လိုက်ရင် အဓိပ္ပာယ်ဟာ တစ်ထပ် တည်း ဖြစ်နိုင်ပါတော့မလား။  ကျုပ် ဝမ်းနည်းမိတာအဲဒါ ကိုပါပဲ။ ကျုပ်ဖတ်ခဲ့တဲ့ အက္ခရာတွေ၊ ဝါကျတွေ၊ ကျုပ်ရေးခဲ့တဲ့ အက္ခရာ တွေ၊ ဝါကျတွေဟာ ခုနေခါများမှာ ကျုပ် ကိုသိမှုနဲ့ သင်ခန်းစာအသစ်တွေ ပေးနေသလိုပါ့။ ဘာပဲဖြစ်ဖြစ် ကျုပ် အက္ခရာတွေ၊ ဝေါဟာရတွေကို ရို သေတယ်၊ လေးစားတယ်၊ တန်ဖိုး ထားတယ်။ ကျုပ်ငယ်ငယ်ကတည်းက ကျုပ်နာမည်ကို စာလုံးပေါင်း ရေး နိုင်ခဲ့တယ်။ ကျုပ်ပထမတန်းတုန်းက ပါ။ ပြီးတော့ ကျုပ်အဖေနဲ့ ကျုပ်အ မေရဲ့ အမည်တွေကိုလည်း စာလုံး ပေါင်းရေးနိုင်ခဲ့တယ်။ အဲဒီတုန်းက အဓိပ္ပာယ်တွေကို ခုနေခါမှာ ပြန်ပြီး အောက်မေ့မိပါရဲ့။ ကျုပ်ရှေ့ကို ဆက်ပြီး မစဉ်းစားချင်ဘူး။ ကျုပ် ဒီနေရာမှာပဲ ရပ်တန့်ငြိမ်သက်နေ လိုက်မယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်ဟာ စင်ကြယ်သော အဓိပ္ပာယ်တွေ ကိန်း အောင်းနေတဲ့ခေတ်ကို ကြုံခဲ့ရဖူးသူ ပါ။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071