NLD အစိုးရ လက်ထက်က ရန်ကုန်တိုင်း စည်ပင်ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူ ဆရာမဒေါ်သန်းမြင့်အောင် ယနေ့ပြန်လည်လွတ်မြောက်လာသည်။
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား (၇၀၀၀) ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ပြီး ယင်းအထဲတွင် နိုင်ငံရေး အကျဉ်းသား အချို့လည်း ပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ယနေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာမည့်အထဲတွင် ဆရာမ ဒေါ်သန်းမြင့်အောင်နှင့် စာရေးဆရာ ဦးထင်လင်းဦးတို့ အပါအဝင် ဝါရင့်နိုင်ငံရေးသမားများနှင့် အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသူ အချို့လည်း ပါဝင်နေကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရသိရသည်။
ဆရာမ ဒေါ်သန်းမြင့်အောင်သည် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။
ယနေ့ ပြန်လည် လွတ်မြောက်မည့်အထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက်များလည်း ပြန်လည်လွတ်မြောက်လာမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။











