Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeArticlesစာမမီ ပေမညွှန်းခဲ့တောင် တည်ရှိနေမယ့်အဖေ့မေတ္တာ

စာမမီ ပေမညွှန်းခဲ့တောင် တည်ရှိနေမယ့်အဖေ့မေတ္တာ

father

” လှိုင်းထန်လေထဲ မျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင် တမ်းတမိတယ်အဖေ…၊ ဒုက္ခတွေထည်လဲတွေ့တဲ့အခါ၊ အခြားသူမရှိဘူး ကျွန်တော့် အတွေးမှာ၊ အမြဲမြင်ယောင်တမ်းတမိတယ် အဖေ”

ဒီသီချင်း စာသားက အဆိုတော်လေးဖြူ သီဆိုပြီး မောင်မောင်ဇော်လတ် ရေးဖွဲ့ခဲ့တဲ့ အဖေသီချင်းထဲက စာသားတွေပဲ ဖြစ်ပါတယ်။ အဖေ့ရဲ့ဆုံးမစကား တွေ၊ သွန်သင်မှုတွေ၊ ကာကွယ် စောင့်ရှောက်မှုတွေကို ပြန်လည် မြင်ယောင်တမ်းတတဲ့ သားတစ်ယောက်ရဲ့ ရင်ဖွင့်သံဖြစ်ပါတယ်။ အဖေမရှိတဲ့ အချိန်မှာအဖေ့ ရဲ့ တန်ဖိုးတွေကို တရိပ်ရိပ်နားလည်လာခဲ့တဲ့ သားတစ်ယောက်ရဲ့ ဟစ်အော်သံလို့လည်း ဆိုနိုင်ပါတယ်။ ဒါဟာ ဖခင်ရဲ့ မေတ္တာတရားကိုသွယ်ဝိုက်သီကျူးခဲ့တာပါ။ ရင်နဲ့ လွယ်မမွေးခဲ့ပေမယ့် မိသားစု တစ်စုရဲ့ ခေါင်၊ထောက်တိုင်ဟာအဖေပါပဲ။သားသမီးတွေအပေါ် ချစ်ခြင်းမေတ္တာကို တော်ရုံတန်ရုံ ထုတ်ဖော်မပြောပြတတ်တဲ့ အဖေ ဟာ သားသမီးတွေရဲ့ လိုအပ်ချက် တိုင်းကိုလည်း ဖြည့်ဆည်းပေးတတ်သူပါ။

” အစဉ်အမြဲ ရင်ထဲကြည်နူးစေမယ့် စကားများတီတာဖွဲ့ …အချိန်ပေးကာ ဘေးနားမှာ အမြဲမနေနိုင်ပေမယ့်… လောက ဒဏ်ရာ ဒဏ်ချက်တွေ…ရဲရင့်ရှေ့က ရင်ဆိုင်ရင်းနဲ့ …အန္တရာယ်နဲ့ သောကအရိပ်တွေ…တာဝန်ယူကာ..သူလေဖယ်ရှားပေး. .” ဒီစာသားတွေကတော့ နာမည်ကျော်တေးရေး၊ တေးဆို ထူးအိမ်သင်သီဆိုခဲ့တဲ့ အဖေသီချင်း ဖြစ်ပါတယ်။

သားသမီးတွေ အပေါ်မှာအစဉ်အမြဲ ချိုသာစေတဲ့ စကားလုံးများနဲ့ မပြောဆိုပေမယ့် သားသမီးတို့အ တွက် တံတိုင်းကြီးသဖွယ်ရှိနေတာ အဖေပါ။ မိခင်မေတ္တာဖွဲ့စာသား တွေ၊ သီချင်းတွေ၊ အနုပညာဖန်တီးမှု တွေ များစွာထွက်ပေါ်ခဲ့ပေမယ့် ဖခင်နဲ့ ပတ်သက်တဲ့ မေတ္တာဖွဲ့ စကား လုံးတွေကတော့ နည်းပါးပါတယ်။နည်းပါးတယ် ဆိုသော်ငြားဖခင် မေတ္တာဖွဲသီချင်းတွေကို ခံစားကြည့် မိတဲ့အခါ ဖခင်ရဲ့ မေတ္တာအတိမ် အနက်ကို သိနိုင်ပါတယ်။ အိမ် ထောင်ဦးစီးယောက်ျားတစ်ဦး၊ သားသမီးတို့ဖခင်ဒီယောက်ျားဟာ မိသားစုအတွက် ယောကျာ်းပီသသူ တစ်ဦးအဖြစ် အမြဲရှိနေပါတယ်။

” တစ်နေ့တော့လေ…လေမုန်တိုင်းကြီးကျလို့လာ… ၊ဝမ်းနည်းစရာ ပင်လယ်ထဲ ငါးဖမ်းသွားတဲ့ တို့ရဲ့အဖေ ပြန်လာချိန်ဟာ နောက်ကျခဲ့ပြီ နေဝင်တဲ့အခါ”

ဒီစာသားကတော့ အားလုံးသိကြတဲ့ အဖေ သီချင်းစာသားပါ။ လွှမ်းမိုး၊ဘိုဖြူ စသူတို့ ဆိုခဲ့ကြတဲ့ ဒီအဖေသီချင်း ကတော့ နားထောင် မိသူတိုင်းရဲ့ ရင်ကို ထိထိရှရှ ခံစားမိစေမှာဖြစ်ပါတယ်။ မိသားစု ဝမ်းရေးအတွက် လှိုင်း ထန်ထန် ပင်လယ်ပြင်မှာ ခက်ခဲစွာ ဝမ်းစာ ရှာဖွေရတဲ့ ဖခင်တစ်ဦးရဲ့ ပုံရိပ်ကို ဒီသီချင်းက အတိအကျ ညွှန်းဆို နေပါတယ်။ မိခင်ရဲ့ ရင်ခွင် လို တိုးဝှေ့ချွဲနွဲ့ဖို့ မဝံ့မရဲဖြစ်မိပေ မယ့် သားသမီးတွေအတွက်တော့ ဖခင် ရင်ခွင်ဟာ ဘဝလောကဒဏ် တွေကို ကာကွယ်တားဆီးပေးတဲ့ တံတိုင်း ကြီးသဖွယ် ဖြစ်ပါတယ်။မိသားစုတွေ ပျော်ရွှင်ဖို့ အလုပ် တာဝန်တွေကြား ရုန်းကန်ရင်း ကိုယ့်တစ်ကိုယ် ရေအတွက်တောင် ဂရုမစိုက်မိသူဟာလည်း အဖေပဲဖြစ်နေပါ လိမ့်မယ်။

သီချင်းတွေက တစ်ဆင့်ပေးတဲ့ ရသနဲ့အတူ ဖခင်မေတ္တာ အတိမ်အနက်ကို ရောယှက်ခံစားရင်း အဖေ့ ရဲ့ မေတ္တာတရားတွေကို မြင်ယောင် လာမိမှာလည်း ဖြစ်ပါတယ်။ ဖခင် မေတ္တာဖွဲ့တေး၊ ကဗျာတွေ နည်းပါး တယ်ဆိုပေမယ့် ဖခင်မေတ္တာ ထုထည်ကတော့ ကြီးမားစွာရှိနေတာ ကို ဘယ်သူမှ ငြင်းဆိုဖွယ်မရှိပါ ဘူး။ ဒါကြောင့် ဖခင်အသက်ရှိနေဆဲမှာ ရိုသေပါ၊ စောင့်ရှောက်ပါ။ ဖဝါး လက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် အရွယ်ကတည်းက မိခင်နို့ချို သောက်စို့ဆဲ ကာလကတည်းက မိသားစုလိုအပ်ချက်တွေကို အမြဲတမ်းဖြည့်ဆည်း ပေးနေကြတဲ့ အဖေတွေအတွက် အမှတ်တရအဖြစ် ယခုဇွန်လ ၁၉ ရက်နေ့ကိုလည်း အဖေများနေ့လို့ သတ်မှတ်ထား ပါတယ်။ ဒီလိုသတ်မှတ်ခြင်းဟာ လည်း အတိုင်းအဆမရှိတဲ့ ဖခင်တို့ရဲ့ မေတ္တာစိတ်ကိုဂုဏ်ပြု ခြင်းပဲ ဖြစ်ပါတယ်။ဒီလိုနေ့ တွေမှာ လည်း ဖခင်ကိုသတိရပါ။ အဖေ ဆိုတာ အရွယ်ဘယ်မျှကြီးရင့် နေပါစေ။သားသမီးတွေ အတွက် တံတိုင်း သဖွယ်ရှိနေလိုသူ ဖြစ်ပါ တယ်။ ဒါကြောင့် ဖခင်တို့ သက်ရှိ ထင်ရှားရှိတုန်း ပြုစုပါ။အဝေး ရောက်နေတယ် ဆိုရင်လည်း ဖုန်း တော့ဆက်ပါ။ အဖေ့စကားသံကို ကြားယောင်ပါ။ အဖေ့ကို နွေးထွေးမှု ပေးပါ။ ငယ်စဉ်က အဖေချီပိုးခဲ့တဲ့ ပခုံးသားတွေကို မြင်ယောင်ပါ။လက်ပျဉ်းတွဲကျနေနိုင်မယ့် ဖခင်ရဲ့ လက်မောင်းကို ခပ်ဖွဖွဆုပ်ကိုင်ပါ။ သားသမီးတွေအတွက် အမြဲအသင့်ရှိခဲ့တဲ့ အဖေတွေအတွက် သားသမီး တွေကလည်း အမြဲအသင့်ရှိနေစေဖို့ …။

ရဲရဲ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071