Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsစာတတ်မြောက်ရေး လုပ်ငန်းအဖြစ် ရှမ်းအရှေ့...

စာတတ်မြောက်ရေး လုပ်ငန်းအဖြစ် ရှမ်းအရှေ့ မြို့နယ် (၄) မြို့နယ်၏ စဉ်ဆက်ပညာရေးဆောင်ရွက်နေမှု ဖေဖော်ဝါရီ (၅) ရက်တွင် ပြီးမြောက်မည်

စာတတ်မြောက်ရေးလုပ်ငန်းကို ရှေ့ပြေးဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် (၄) မြို့နယ်၏ စဉ်ဆက်ပညာရေးဆောင်ရွက်နေမှု ဖေဖော်ဝါရီ (၅) ရက်တွင် ပြီးမြောက်မည်ဖြစ်ကြာင်း ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာနမှ သိရသည်။

စာတတ်မြောက်ရေးလုပ်ငန်းကို ရှေ့ပြေးဆောင်ရွက်ခဲ့သည့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နောက်ဆက်တွဲလုပ်ငန်းအဖြစ် စဉ်ဆက်ပညာရေးကို သတ်မှတ်မြို့နယ်များ၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာနမှ အဆိုပါ မြို့နယ် (၄)မြို့နယ်ရှိ စာသင်ဝိုင်းများ၌ ဦးတည်အုပ်စုနှင့် ကိုက်ညီသူများအား စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေး ချိတ်ဆက်ပေးခြင်းနှင့် ဘဝသာယာရေး အသိပညာပေးခြင်းစသည့် အစီအစဉ် (၃) ရပ် ပါဝင်သော အသိပညာပေး ဖြန့်ဝေပေးနေမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာနက စဉ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှစတင်၍ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)တို့ရှိ မြို့နယ်များတွင် လျာထားစာသင်သားပေါင်း (၃၈၇၅၇) ဦးကို စာသင်းဝိုင်းပေါင်း (၂၈၀၆) ဝိုင်းစုဖွဲ့၍ စေတနာ့ လုပ်အားပေး နည်းပြ/ ကြီးကြပ်ပေါင်း (၃၅၁၂) ဦးတို့ဖြင့် ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများကလည်း ကျိုင်းတုံမြို့နယ်ရှိ ရပ်ကွက် ၄ အ.မ.က. (၈) မူလွန်ကျောင်းတွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းနှင့် ရပ်ကွက် ၁ အ.မ.က. (၃) မူလွန်ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အလားတူ မိုင်းခတ်မြို့နယ် ကျိုင်းပင်ကွေ့ရွာ အ.မ.က. မူလွန်ကျောင်းရှိ စာသင်ဝိုင်းနှင့် ဝမ်ခုတ်ကျေးရွာရှိ အ.မ. က. မူလွန်ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းများလည်း သွားရောက်ကြည့်ရှုခဲ့ပြီး စေတနာ့ လုပ်အားပေး နည်းပြများနှင့် ကြီးကြပ်များ၊ စာသင်သားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071