ခိုင်နှင်းဝေ ရင်သွေးလေး များဂေဟာရဲ့ ပဲ့ကိုင်ရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေဟာ သူမရဲ့ စာကြည့်တိုက်ဖြစ်တဲ့ “ခိုင်မီးအိမ်” စာကြည့်တိုက် အတွက် စာအုပ်များကို အလှူခံ လျက်ရှိပါတယ်။ သူမရဲ့ ခိုင်မီးအိမ် စာကြည့်တိုက်ဟာ အောင်ဇေယျာမင်း ပရဟိတ စာသင်တိုက်အတွင်းမှာ ဖွင့်လှစ် ထားတာဖြစ်ပြီးတော့ ကျောင်းသားထောင်ကျော် ရှိတယ်လို့ဆိုပါတယ်။
စာအုပ်များ လှူဒါန်းလိုသူတွေ အနေနဲ့ သူမရဲ့ facebook page ကနေတစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ သူမအနေနဲ့ မေလ ၁၆ ရက်နေ့မှာ ဆိုရင်လည်း သက်ကြီး ရွယ်အိုများနဲ့ အိမ်ခြေ ၁၅၀ အတွက် လှူဒါန်းမှု တစ်ခု ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
Zaw Gyi
“စာကြည့်တိုက် အတွက် စာအုပ်တွေ အလှူခံနေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ”