မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များက ရာသီဥတုပြောင်းလဲမှုများ ကြောင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဇွန် ၆ ရက်က စစ်ဆေးခဲ့ကြသည်။
မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ ရေတွင်း၊ ရေကန်များတည်ဆောက်ထားရှိမှုများတိုင်းတာခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။
ထို့ပြင် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက လက်တွေ့မီးငြိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်ကိရိယာများ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် စမ်းသပ်မောင်းနှင် သရုပ်ပြခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြသည်။
