Friday, May 23, 2025

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...
HomeNewsLocal Newsစမ်းချောင်းတွင် ဓာတ်ပုံ ဆရာတစ်ဦး...

စမ်းချောင်းတွင် ဓာတ်ပုံ ဆရာတစ်ဦး ဓားဖြင့် ထိုးခံရပြီးသေဆုံး၊ မော်ဒယ်အမျိုးသမီးတစ်ဦးကိုလည်း ဓားဒဏ်ရာများဖြင့် အဆိုပါအခန်း၌ တွေ့ရှိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း “777” ဘီယာဆိုင်ရှေ့ နေအိမ် (၆) လွှာရှိတိုက်ခန်းတစ်ခုအတွင်း၌ ဓာတ်ပုံဆရာတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး မော်ဒယ်အမျိုးသမီးတစ်ဦးကိုလည်း ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၂၆) ရက်ည (၁၁) နာရီခန့်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းရှိ ဘီယာဆိုင်ရှေ့၏ နေအိမ်တိုက်ခန်း (၆) လွှာတွင် အော်ဟစ်သံများကြားရကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သွားကြည့်တဲ့အချိန် တံခါးကအတွင်းထဲကနေ ပိတ်ထားလို့ တံခါးကိုဖျက်ပြီးဝင်ခဲ့ရတယ်။ အဲဒီမှာ အမျိုးသားက ထိုးသွင်းဒဏ်ရာ (၅)ချက်လောက်နဲ့ သေဆုံးနေပြီ ။ ဓာတ်ပုံဆရာလို့တော့သိရတယ်။ နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုလည်း ထိုးသွင်းဒဏ်ရာ (၂) ချက်လောက်နဲ့ အသက်ရှင်ရက်တွေ့ရတယ်။ အဲဒီအမျိုးသမီးက မော်ဒယ်လို့သိရပါတယ်။ အသေးစိတ်ကတော့ တာဝန်ရှိတဲ့လူတွေ စစ်ဆေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှင့် ထိုးသွင်းဒဏ်ရာရရှိထားသည့် အမျိုးသမီးတို့အား စမ်းချောင်း အရန်မီးသတ်စခန်းမှ လူနာတင်ကား (၂) စီးဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“နှစ်ယောက်လုံးရဲ့ နာမည်တွေကတော့ ကျွန်တော်တို့လည်းမသိရသေးပါဘူး။ ကျွန်တော်တို့က အသက်ရှင်တဲ့လူနာကို ဆေးကုသမှု အမြန်ဆုံးခံယူနိုင်အောင် ဆေးရုံကိုအမြန်လိုက်ပို့ခဲ့တာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ရဲသူရိန်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့် ကလလေးများ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်ကို သတိပြုမိစေရန် အသိပညာပေး

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို ၂၀၂၄ ခုနှစ်မှစ၍ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း”ခေါင်းစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။ အသိပညာပေးရာတွင် ပြည်နယ်(၉)ခု တိုင်းဒေသကြီး(၅)ခုသို့ သွားရောက်၍ ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ကို သိရှိသတိပြုကြစေရန်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို သိရှိနားလည်ကြစေရန်နှင့် အန္တရာယ်ကင်းစွာ ပြုမူနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများကို မြှင့်တင်ပေး နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင်...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆ ရက်နေ့က အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် သုံ့ပန်းလဲလှယ်မှုဆိုင်ရာသဘောတူညီချက်ကိုအကောင်အထည်ဖော်‌ရေးကို ကြီးကြပ်နေသည်ဟု ပြောကြားခဲ့သည်။ သမ္မတရုံး၊ စစ်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန အပါအဝင် ယူကရိန်းရှိဌာန အများအပြားသည် အကျဉ်းသားဖလှယ်မှု လုပ်ငန်းစဉ်အတွက် ပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။ "ရုရှားဖက်ကတင်သွင်းလာတဲ့ စာရင်းမှာပါရှိတဲ့လူတစ်ဦးချင်းစီအတွက် အသေးစိတ်အချက်အလက် တွေကို ကျွန်တော်တို့ စိစစ်နေပါတယ်" ဟုလည်း ဇယ်လန်းစကီးကပြောကြားခဲ့သည်။ ရုရှား၌ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသားများ နိုင်ငံသို့ပြန်လာနိုင်ရေးသည် ယူကရိန်း၏ ထိပ်တန်းဦးစားပေးများထဲမှ...

MNL League Cup-2025 ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့် ရတနာပုံ FC အသင်း

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်သည်။ MNL League Cup-2025 အုပ်စုပွဲစဉ်တစ်လျှောက် ရာမညအသင်းအား(၂) ဂိုး(၆)ဂိုး ၊ ဆေလ်းဗားစတား အသင်းအား (၂)ဂိုးပြတ်၊ ဒဂုံစတားအသင်းအား(၃)ဂိုး(၁)ဂိုးတို့ဖြင့် အနိုင်ရရှိပြီး ရမှတ်(၉)မှတ်၊ အုပ်စုပထမနေရာသို့ ရောက်ရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အသင်းအနေဖြင့် ကျန်ရှိနေသေးသည့် အုပ်စုပွဲစဉ် တစ်ပွဲကို မြဝတီအသင်းနှင့် လာမည့် ဇွန်လ(၁၄)ရက်တွင် ယှဉ်ပြိုင်ကစားသွားကြရမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071