Thursday, June 18, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

မိုးပျံတိုက်ခေါင်ညွန့်များအောက်က အင်ဂျင်နီယာပညာ – တရုတ်နိုင်ငံ၏...

ဤမျှကြီးမားလွန်းသည့် မြို့ပြဗိသုကာ အံ့ဖွယ်ကြီးများ၏ နောက်ကွယ်တွင် ခိုင်မာသော မြေသားခံနိုင်ရည် ရှိစေရန်နှင့် သန်းနှင့်ချီသော လူဦးရေအတွက် ရေပေးဝေမှု ပြတ်တောက်မသွားစေရန် အဆင့်မြင့် သိပ္ပံနှင့်...

လေဆိပ်သဖွယ် ခေတ်မီအရှေ့ဟန်ကျိုးဘူတာသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့သို့ အမြန်ရထား...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...
HomeCelebrities' Newsစည်းမဲ့ကမ်းမဲ့အနေအထား ဖြစ်နေတဲ့အတွက် ...

စည်းမဲ့ကမ်းမဲ့အနေအထား ဖြစ်နေတဲ့အတွက် တေးစီးရီးထုတ်ရင် ရှုံးမှာပဲ အဆိုတော် ဗညားဟန်

အဆိုတော် ဗညားဟန်ကတော့ လတ်တလောမှာ ‘သတိရရဲ့လား မြခွာညို’လို့ အမည်ပေးထားတဲ့ သူရဲ့ ၁၁ ခွေ မြောက်တစ်ကိုယ်တော်တေးစီးရီးထွက်ဖြစ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီတေးစီးရီးမှာ ကျေးလက်အဖွဲ့အနွဲ့ သီချင်းတွေ ပါဝင်ပြီး သူ့အနေနဲ့ အရင်က ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သီချင်းအမျိုးအစားများဖြစ်ကြောင်းလည်း သိရပါတယ်။ သီချင်းတွေကိုတော့ Online ပေါ်မှာ တင်ပေးသွားမှာဖြစ်ပြီး သီချင်းဆယ်ပုဒ်စီရီးခွေအနေနဲ့လည်း ထွက်ဖြစ်မှာ ဖြစ်ကြောင်း အဆိုတော်ဗညားဟန်က ပြောပြခဲ့ပါတယ်။ တေးစီးရီးထွက်ကြတဲ့ အဆိုတော်တွေအတွက် Copy ခွေအပြင် ခေတ်ကာလအနေအထားအရ Online ပေါ်တင်ပေးကြတဲ့ ခေတ်တစ်ခုလည်းဖြစ်နေတာကြောင့် အဆိုတော် တစ်ယောက်အနေနဲ့ တေးစီးရီးလုပ်တဲ့အခါ အရှုံးအမြတ်နဲ့ပတ်သက်ပြီးလည်း ခုလိုပြောပြခဲ့ပါတယ်။

”ဒီခေတ်အနေအထားအရ တေးစီးရီးထုတ်ရင်တော့ ရှုံးမှာပဲ။ တေးစီးရီး ထုတ်ရင် ဘယ်သူမှမမြတ်ဘူးလေ။ ဘာလို့လဲဆိုတော့ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့အနေအထားဖြစ်နေတယ်။ ရှုံးမှာကြောက်လို့ တေးစီး ရီးမထုတ်ရင် စီရီးကမထွက်တော့ဘူး။ တေးစီးရီးမထွက်လို့ရှိရင် ကျွန်တော်တို့ အနုပညာတွေ သေမှာလေ။ Producer တွေမရှိတော့ ကိုယ့်ဟာကိုယ် တေးစီးရီးလုပ်ရတယ်။ အဲ့ဒီတော့ ငွေကုန်တာပေါ့နော်။ အဲ့ဒီလိုဖြစ်လာတဲ့အခါကျတော့ တကယ်ကြိုးစားရုံးကန်ရတယ်။ ပိုက်ဆံတော့ပြန်မရပါဘူး။ အစ်ကိုတို့ အခုလုပ်နေတာလည်း ပိုက်ဆံ ပြန်ရဖို့လုပ်နေတာမဟုတ်ပါဘူး။ နာမည်ပြန်ရဖို့ ပရိသတ်နဲ့ အဆက် မပြတ်ဖို့လုပ်နေရတဲ့သဘောပါ။ အခွေဆိုင်မှာ တင်ရောင်းရင်လည်း အခွေဝယ်ကြည့်တဲ့ ခေတ်မဟုတ်တော့ဘူးလေ။ ဖုန်းတစ်လုံးရှိရင် သီချင်းနားထောင်လို့ရတဲ့ခေတ်ဆိုတော့ ဖုန်းထဲကိုရောက်ဖို့လို့တယ်။ အဲ့ဒီ တော့ ဖုန်းထဲကိုပေးဖို့နည်းက Online ပေါ်တင်ပေးတဲ့ တစ်နည်းပဲရှိတယ်။ Online ပေါ်က နေ ပရိသတ်ကို သီချင်းတွေချပြလို့ရတာဖြစ်တဲ့အတွက် တစ်ပုဒ်တည်းနဲ့ လည်းချပြလို့ရတယ်။ တစ်ပုဒ်စာလောက် တတ်နိုင်ရင် တစ်ပုဒ်စာလောက် အကျိုးရှိတယ်။ ဒီနည်းစနစ် နဲပဲ အစ်ကိုတို့သွားရတာပေါ့နော်။ တစ်ပုဒ်ချင်း တစ်ပုဒ်ချင်း တက်နိုင်တဲ့အချိန်လေး၊ တတ်နိုင်တဲ့ငွေလေးနဲ့ လုပ်ပြီး တင်သွားရင်းနဲ့ တစ်ခွေစာရသွားတဲ့အချိန်ကျမှ စီးရီးထုတ် လိုက်တာမခက်ခဲပါဘူး။ ပြန်ရတဲ့ရလဒ်ကတော့ အနု ပညာအသက်ပေါ့။ အနုပညာအသက်ဆက်ဖို့အတွက် Online ပေါ်မှာ သီချင်းလေးတစ်ပုဒ်တင်လိုက်လို့ ပရိ သတ်ကြိုက်တယ်ဆိုရင် အစ်ကိုတို့ဒီလောကထဲမှာ ရှိနေဦးမယ်။ မကြိုက်တော့ဘူး၊ မသိတော့ဘူး သီချင်း တွေနဲ့ အဆက်ပြတ်ပြီးဝေးသွားပြီဆိုရင် အစ်ကိုတို့ အနုပညာသမားတွေက ဒီလောကထဲကနေ ပျောက် သွားမယ်။ အဲ့ဒီအတွက်လုပ်နေကြတာပါ”လို့ အဆို တော် ဗညားဟန်က ပြောပြခဲ့ပါတယ်။

သူ့အနေနဲ့ နောက်ပိုင်းမှာ အခါအား လျော်စွာအဆိုတော်စိုးစန္ဒာထွန်းနဲ့အတူ အတွဲသီချင်း များ ဖန်တီးသွားမှာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါ တယ်။

သတင်း /ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071