Thursday, July 23, 2026

ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူ့အကျိုးပြု အခမဲ့မျက်စိခွဲစိတ်ကုသမှုအစီအစဥ်ဖြင့်...

ဟင်္သာတ၊ ဇူလိုင်-၂၂ ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ ပြည်သူ့အကျိုးပြု အခမဲ့ မျက်စိခွဲစိတ်ကုသမှု အစီအစဉ်ဖြင့် ကုသပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါအစီအစဥ်ကို ၂၀၂၆...

တရုတ်နိုင်ငံတွင် ကျင်းပသည့် Heyball Masters...

တရုတ်၊ဇူလိုင်-၂၂ မြန်မာ့လက်ရွေးစင် Heyball အားကစားသမား ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံ ၌ ကျင်းပခဲ့သည့် 2026 Heyball Mast ers Tour နိုင်ငံတကာပြိုင်ပွဲတွင်...

ဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈) ရုံး...

ဖလမ်း၊ဇူလိုင်-၂၂ ဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈) ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်းနှင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၁၃၉၇) ဦးဖြင့် လုပ်ငန်းတာဝန်များကို...

ကညင်ရေလှောင်တမံ ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက အိမ်ထောင်စု ၁၀,၀၀၀...

အင်္ဂပူ၊ဇူလိုင်-၂၂ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံတွင် ဆောင်ရွက်နေသည့် ၁၀.၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါစက်ရုံတွင် ၃.၅ မဂ္ဂါဝပ်ထွက်ရှိမည့်...
HomeNewsLocal Newsစစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀...

စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ သက်တမ်းတိုး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ပိုင်ခွင့်နှင့်တာဝန်များ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်း

နေပြည်တော်၊ဇူလိုင်-၂၁

နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၄/၂၀၂၆) ကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် မြို့နယ်များ၌ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါအမိန့်တွင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၃/၂၀၂၆) ဖြင့် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် မြို့နယ်များ၌ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေနိုင်ကြောင်းလည်း အမိန့်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်သည် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက်မှစ၍ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူ့အကျိုးပြု အခမဲ့မျက်စိခွဲစိတ်ကုသမှုအစီအစဥ်ဖြင့် မျက်စိခွဲစိတ်ကုသပေးလျက်ရှိ

ဟင်္သာတ၊ ဇူလိုင်-၂၂ ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ ပြည်သူ့အကျိုးပြု အခမဲ့ မျက်စိခွဲစိတ်ကုသမှု အစီအစဉ်ဖြင့် ကုသပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါအစီအစဥ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှ ၂၄ ရက်အထိ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်စန္ဒာသိန်း ဦးဆောင်၍ မျက်စိလူနာ ၂၀၀ ဦးအား အခမဲ့ စမ်းသပ် ခွဲစိတ်ကုသပေးလျက်ရှိသည်။ အစိုးရသစ် ရက် ၁၀၀ အစီအစဥ်တွင် ပါဝင်သည့် ပြည်သူ့အကျိုးပြုကုသရေး လုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ခရိုင်ပြည်သူ့ဆေးရုံကြီး၌...

တရုတ်နိုင်ငံတွင် ကျင်းပသည့် Heyball Masters Tour ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘုန်းမြင့်ကျော် ဒုတိယဆုရရှိ

တရုတ်၊ဇူလိုင်-၂၂ မြန်မာ့လက်ရွေးစင် Heyball အားကစားသမား ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံ ၌ ကျင်းပခဲ့သည့် 2026 Heyball Mast ers Tour နိုင်ငံတကာပြိုင်ပွဲတွင် 1st Run ner-up (ဒုတိယဆု) ရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာရာ အားကစားတာဝန်ရှိသူများနှင့် ဘိလိယက်အသိုင်း အဝိုင်းက ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Henan ပြည်နယ်၊ Zhengzhou မြို့တွင် ဇူလိုင် ၁ ရက်မှ ၁၇ ရက်အထိ ကျင်း ပခဲ့ခြင်းဖြစ်ပြီး ဘုန်းမြင့်ကျော်သည်...

ဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈) ရုံး ဖွင့်လှစ်၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်း (၁၃၉၇) ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေ

ဖလမ်း၊ဇူလိုင်-၂၂ ဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈) ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်းနှင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၁၃၉၇) ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်း ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီမှ သိရသည်။ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာ ရုံးများဖြစ်သော မီးသတ်တပ်ဖွဲ့ရုံး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အမှုထမ်း၊ အရာထမ်း တို့၏ ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071