Thursday, May 14, 2026

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို...

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ်...

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း...

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG...

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ...
HomeInternationalစစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဖ-မ်းဆီး ထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့မှ ပြောကြားလိုက်သည်။

ယွန်ကို ဖ-မ်းဆီးထိန်းသိမ်းမှုသည် လက်ရှိသမ္မတအဖြစ်တာဝန်ယူနေသူတစ်ဦးအား တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဖ-မ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးသူများသည် ယနေ့နံနက်ပိုင်းတွင် ယွန်၏ တရားဝင်နေအိမ်သို့ဝင်ရောက်ခဲ့ပြီး သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရာတွင် ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ ယွန်အား ဖ-မ်းဆီးရန် ထုတ်ထားသည့် ဖ-မ်းဝရမ်းကို ပြသခဲ့ရသည်။

ယခုအခါမူ ယွန်ဆွတ်ယိုကို သယ်ဆောင်လာသည့် မော်တော်ယာဉ်တန်းသည် ဆိုးလ်မြို့အပြင်ဘက်ရှိ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ရုံးသို့ ရောက်ရှိကာ ယွန်အား စစ်ဆေးမေးမြန်းမှုများ စတင်နေပြီဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အိန္ဒိယလူမျိုးဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ သည် စိတ်ပိုင်းဆိုင်မြှင့်တင်ပေးသည့် ဒသနဆရာ၊ လူသားချင်းစာနာထောက်ထားရေး တက်ကြွလှုပ်ရှားသူနှင့် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအဖြစ် လူသိများသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဂုရုကြီး၏ မွေးနေ့ပွဲကို ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များသည် ရက်များခွဲကာ စည်ကားသိုက်မြိုက်စွာ နိုင်ငံအလိုက်ကျင်းပလျက်ရှိသည်။

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ် ကွက်၊ အမှတ်(၇ရပ်ကွက်၊ မြို့နယ်အတွင်းရှိ ရေကျော်ကြီးကျေးရွာ၊ ရေကျော်လေးကျေးရွာ၊ လှိုင်ဝကျေးရွာ၊ ရန်ကုတ်ကျေးရွာတို့မှ တောင်သူများလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း ရေပိုက်လိုင်းများသွယ် တန်းနေမှု၊ မြေကျင်းတူးဖော်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ်စည်ပင်ဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကိုမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071