ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt General Viktar Ganediavich Khrenin) ၏ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက်ရန် ဖိတ်ကြားချက်အရ မေ ၂၅ ရက်မှ ၃၀ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း လည်း သိရသည်။
ထို့နောက် ဘယ်လာရုစ်နိုင်ငံရှိ စစ်ဘက်နည်းပညာဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများနှင့် အထည်အလိပ်လုပ်ငန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုပြင် ဘယ်လာရုစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း အာဏာပိုင်အဖွဲ့ရုံး၌ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဒီမိထရီပန်တုစ် (Mr. Dimitry Pantus) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
