ကိုဗစ်ကူးစက် လူနာများလာခြင်းနဲ့ ဆေးဝန်ထမ်းများ လုံလောက်မှုမရှိတဲ့ အနေအထားကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကွာရန်တင်း စင်တာတွေမထားတော့ပဲ positive center တွေပဲထားတော့မယ်လို ပြည်နယ်ကောင်စီကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မေလ ၂၅ ရက်နေ့မှ ဇူလိုင်လ ၂၆ရက်နေ့အထိ သေဆုံးသူ ၁၁၈ဦးရှိပြီး ကိုဗစ်အတည်ပြုလူနာ ၂၃၃၇ ဦး ရှိတယ်လို ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုဗစ် လူနာတွေထဲက ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီးတော့ ဆေးရုံကနေ ဆင်းခွင့်ရတဲ့သူ ၁၀၅၀ ယောက်ရှိပြီး ဆေးကုသမှု ခံယူနေဆဲလူနာ ၁၁၆၉ ယောက်ရှိတယ်လို့ သိရပါတယ်။
Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေက လာတဲ့သူတွေကို လေဆိပ်မှာပဲ သတင်းအချက်အလက်ကောက်ယူပြီး ကိုဗစ်စစ်ကာ အပူချိန် ရှိသူများကို ဆေးရုံကိုပို့ပြီး နေကောင်းတဲ့သူတွေကိုသာ သွားခွင့်ပြုတယ် လို့ပြည်နယ်ကောင်စီ ကပြောပါတယ်။
ရခိုင်ပြည်နယ် ကျေးရွာတွေမှာ ဖျားနားတဲ့သူတွေများပြားနေပေမယ့် တိုက်နယ်အဆင့်ဆေးရုံတွေမှာ ကိုဗစ်စစ်ဆေးတဲ့ စင်တာတွေ မရှိသလို ဆေးရုံသွားပြမှသာ သံသယလူနာအဖြစ် မြို့နယ်တွေကို လွဲ့ပြောင်ပေးတာဖြစ်လို့ ရောဂါကူးစက်နှုန်းများပြားနိုင်တယ်လို့ ဒေသခံ က ပြောပါတယ်။
ပြည်နယ်ကောင်စီအနေနဲ့ စစ်တွေတက္ကသိုလ်ဟောင်းမှာ positive လူနာ ၁၅၀ ဦးနဲ့ စစ်တွေပြည်သူ့ဆေးရုံမှာ positive လူနာ ၂၀၀ ဦးတိုကို ထားရှိဖိုအတွက် စီစဉ်ထားကြောင်းလည်းသိရပါတယ်။