စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်သင့်ခဲ့သည့် သီလရှင်ကျောင်းတိုက်များပြန်လည်ထူထောင်ရေးနှင့် သီလရှင်များအတွက် သီလရှင်ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကို အမျိုးသမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ ယနေ့ အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းက လှူဒါန်းခဲ့ကြသည်။
စစ်ကိုင်းမြို့ပေါ်ရှိ ခေမာရံသီသီလရှင်ကျောင်း၊ အောင်မြင့်မိုရ်မှန်ချိုသီလရှင်ကျောင်း၊ ပညာမဏ္ဍိုင်သီလရှင်ကျောင်း၊ ရတနာသိင်္ဂီမှန်ချိုသီလရှင်ကျောင်းနှင့် သာသနာ့မဏ္ဍိုင်သီလရှင်ကျောင်းများကို သီလရှင်ဝတ်စုံများနှင့် အခြားလိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
