စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးက အခြေခံပညာအထက်တန်းကျောင်းခွဲ(ရန်နိုင်)အတွင်းရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းတွင် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက မေလ (၁၄)ရက်၊ ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။
ငလျင်ဘေးသင့် ပြည်သူများအား ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများကိုစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခင်မောင်အေးတို့က ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ငလျင်ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
