စစ်ကိုင်းတိုင်းဥပဒေချုပ်ဟောင်းအား ထောင်(၂)နှစ်ချမှတ်
ယခင်စစ်ကိုင်းတိုင်းအစိုးရအဖွဲရဲ့ တိုင်း ဥပဒေချုပ် ဦးခင်မောင်လှကို မုံရွာအကျဉ်းထောင်အတွင်းဖွင့်ထားတဲ့ အထူးတရားရုံးက ထောင်၂နှစ်ကျခံစေဖို အမိန့်ချလိုက်တယ်လို ရှေကနေတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။
ဒီဇင်ဘာ ၁၇ရက်က အဲ့ဒီအမိန့်ချလိုက်တာဖြစ်ပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သတ်ပြီး အမိန့်ချလိုက်တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း နိုင်င့ရေးအပြောင်းအလဲအတွင်း ဦးခင်မောင်လှဟာ ဝန်ထမ်းတွေ ရုံးမတက်ဖို၊ရုံးပိတ်ရက်ရှည်သတ်မှတ်တဲ့ စာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာနဲ့ ပတ်သတ်ပြီး ပုဒ်မ၅၀၅(ခ) နဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတာပါ။
“တိုင်းပြည်နယ် ဥပဒေချုပ် ၁၄ဦးရှိတာပေါ့။အဲ့ဒီ့ထဲကမှ ဦးခင်မောင်လှတစ်ဦးပဲ အမှုဖွင့်ခံရပြီး တရားစွဲခံရတယ်။ထောင်ကျတယ်။သိရသလောက် သူက လက်မှတ်ထိုးပြီး စာထုတ်တာကြောင့်လို သိရတယ်”လို ရှေ့နေအသိုင်းအဝိုင်းကပြောပြပါတယ်။
Zaw Gyi