Wednesday, February 19, 2025

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့်...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက်...

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို...
HomeNewsLocal Newsစစ်ကိုင်းတိုင်းအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်...

စစ်ကိုင်းတိုင်းအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဇန်နဝါရီ လ (၂၁) ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးရှိချင်းတွင်းခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

“နိုင်ငံ့တာဝန်တွေ တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဌာန ဆိုင်ရာအသီးသီးက အငြိမ်းစားဝန်ထမ်းတွေ ကျန်းမာသန်စွမ်းစွာနဲ့ နေထိုင်သွားလာနိုင်ဖို့၊ စားသောက်ရေး အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး ကျန်းမာရေးစစ်ပေးတာနဲ့ စားသောက်ကုန်တွေပေးတာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူကပြောသည်။

ကျန်းမာရေးစစ်ဆေးခြင်းနှင့် စားသောက်ကုန်ပေးအပ်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး အငြိမ်းစားဝန်ထမ်း (၇၆၀) ဦးကို အဟာရဖြည့်စွက်စာ ကြက်ဥ များလက်ရောက်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစား ဝန်ထမ်းများအား ဆီးချို၊ သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင် ကြပ်ရောဂါများအား စစ်ဆေးကုသပေးခဲ့ပြီးစစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနတို့က အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆန်၊ စားသုံးဆီနှင့် ဟင်းသီး ဟင်းရွက်များကို ဈေး နှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂ဝ၂၅)ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကကြား နီးနီးစပ်စပ်ပူးပေါင်းပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုတိုးတက်လာစေမည်ဖြစ်၍ မြေပြင်တွင် လက်တွေ့လုပ်ကိုင်နေသူများ၏ ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။ " အဓိကခံယူထားရမှာက အားလုံးဟာ နိုင်ငံ့အ ကျိုးအတွက်လုပ်ဆောင်နေကြတာဆိုတဲ့အသိနဲ့ လုပ်ငန်းတွေသွက်လက်မြန်ဆန်အောင် အ ကောင်အထည်ဖော်ပေးကြဖို့ပါ။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်ဖို့ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်တွေကို အားပေးကူညီမြှင့်တင်ပေးရပါမယ်"ဟု နစက...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက် တွန်း

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ဖြင့် တိုင်းတာပြီး GDP တွက်ချက်ရာတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး(၃)ခုကို အခြေခံတွက်ချက်ကာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ်ထူထောင်ရာတွင် စိုက်ပျိုးမွေး မြူရေးအခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်သည်လည်း အရေးကြီးသည့်သွင်းအားစုများဖြစ်သည်ဟု ပြောသည်။ "...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊ ဘူတာစဉ် (၁၃) ဘူတာ မရပ်နားဘဲ ကြာမြင့်ချိန်လျော့ချလာ

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊ (၁၂) အစုန် အမြန်ရထားစဉ်ကို ယခင်က ရန်ကုန်ဘူတာကြီးမှ နံနက် (၅) နာရီထွက်ခွာ၍ မန္တလေးသို့ ည (၁၁) နာရီ (၄၅) မိနစ်တွင် ဆိုက်ရောက်ပြီး၊ ယခုအခါ ပြင်ဆင်လိုက်သည့် အချိန်အရ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ည (၆)နာရီ (၄၅)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071