Wednesday, May 13, 2026

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက်...

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း...

ရှမ်း(တောင်)ဒေသ အာလူးဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အာလူးစျေးကွက်မှာဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိနေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံအတွင်း အာလူးထွက်ရှိမှုအများဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ဟဲဟိုး၊ အောင်ပန်း၊...

မျက်မမြင်နှင့် နားမကြားသောကလေးများကျောင်းများတွင် ကျောင်းသားသစ်များခေါ်ယူ၊ စားသောက်နေထိုင်စရိတ်...

လျှောက်ထားနိုင်သည့် ကျောင်းများမျက်မမြင်ကျောင်းများ ရန်ကုန်မြို့ (ကြည့်မြင်တိုင်) နှင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်းများတွင် လျှောက်ထားနိုင်သည်။ နားမကြားသောကလေးများကျောင်းများရန်ကုန်ကျောင်းနှင့် မန္တလေးကျောင်းတို့တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလေးငယ်များ တက်ရောက်ရန် လျှောက်ထားနိုင်သည်။ ခံစားခွင့်နှင့်...

ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ...
HomeNewsLocal Newsစစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ...

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၄ ရက်တွင် ကျင်းပမည်

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို လာမည့် ဇွန်လ (၄) ရက်နေ့တွင် မုံရွာမြို့ရှိ တိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးမှ သိရှိရသည်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးတင့်လှိုင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမျိုးသန့်တို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ကျင်းပမည့် အစည်းအဝေးတွင် မေးမြန်းဆွေးနွေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ နယ်မြေအသီးသီးရှိ ဒေသလိုအပ်ချက်များနှင့် ပြည်သူလူထု၏ တင်ပြချက်များကို အနီးကပ် နားထောင်မှတ်သားကာ မေးခွန်းများနှင့် အဆိုများကို ကြိုတင်ပြင်ဆင်လျက်ရှိကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အရေးပါသော ဆွေးနွေးချက်များ ထွက်ပေါ်လာဖွယ်ရှိသဖြင့် ဒေသခံများက စိတ်ဝင်တစား စောင့်မျှော်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက် အခွင့်အလမ်းပြတင်းပေါက်တစ်ခု ဖန်တီးပေးနိုင်ဟုဆို

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ရှန်ဟိုင်းနိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ယန်ချန်း (Yang Cheng) ကပြောကြားသည်။ ဗလာဒိုင်းကလပ်(Valdai Club) ၏ အလယ်အာရှညီလာခံ ဘေးထွက်ဆွေးနွေးပွဲတွင် သူက "အမေရိကန်သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ပူတင်ရဲ့ခရီးစဉ်မတိုင်ခင် ဖြစ်လာမှာပါ။ ဒါဟာ သမိုင်းဝင် အခွင့်အလမ်းပြတင်းပေါက်တစ်ခုကို ဖန်တီးပေးလိုက်တာပါပဲ။ ဒီနိုင်ငံသုံးနိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုမျိုး မဟုတ်ခဲ့ရင်တောင်မှ၊ သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးမှုအချို့ကတော့ ဖြစ်ပေါ်လာမှာပါ" ဟု...

ရှမ်း(တောင်)ဒေသ အာလူးဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အာလူးစျေးကွက်မှာဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိနေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံအတွင်း အာလူးထွက်ရှိမှုအများဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ဟဲဟိုး၊ အောင်ပန်း၊ ပင်းတယ၊ ကလော၊ နောင်တရားနှင့် တီကျစ်ဒေသများတွင် အာလူးစိုက်ပျိုးမှုကို အဓိကထား လုပ်ကိုင်လျက်ရှိသည်။ ရှမ်း(တောင်)ဒေသထွက် အာလူးဈေးနှုန်းများမှာ ရာသီအလိုက် အပြောင်းအလဲရှိနေပြီး သီးနှံထွက်ရှိမှုများသောကာလများတွင် ဈေးနှုန်းကျဆင်းကာ သီးနှံရှားပါးသည့်ကာလများတွင် ဈေးနှုန်းမြင့်တက်လေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း စိုက်ပျိုးရေးကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာမှုကြောင့် အာလူးဈေးနှုန်းများသည် ယခင်နှစ်များထက် အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒေသစုံမှ သီးနှံအထွက်များပြားလာသဖြင့်...

မျက်မမြင်နှင့် နားမကြားသောကလေးများကျောင်းများတွင် ကျောင်းသားသစ်များခေါ်ယူ၊ စားသောက်နေထိုင်စရိတ် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့မည်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ မျက်မမြင်ကျောင်းများနှင့် နားမကြားသောကလေးများကျောင်းများတွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူသစ်များကို လက်ခံခေါ်ယူနေပြီဖြစ်ကြောင်း ယနေ့ (မေလ ၁၃ ရက်) တွင် အသိပေးထုတ်ပြန်လိုက်သည်။

လျှောက်ထားနိုင်သည့် ကျောင်းများမျက်မမြင်ကျောင်းများ ရန်ကုန်မြို့ (ကြည့်မြင်တိုင်) နှင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်းများတွင် လျှောက်ထားနိုင်သည်။ နားမကြားသောကလေးများကျောင်းများရန်ကုန်ကျောင်းနှင့် မန္တလေးကျောင်းတို့တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလေးငယ်များ တက်ရောက်ရန် လျှောက်ထားနိုင်သည်။ ခံစားခွင့်နှင့် ထောက်ပံ့မှုများ အဆိုပါကျောင်းများတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများ ပေးသွင်းရန် မလိုသည့်အပြင်၊ ကျောင်းအိပ်ကျောင်းစား နေထိုင်စရိတ်နှင့် စားသောက်စရိတ်များကိုလည်း နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ဆက်သွယ်စုံစမ်းရန် ကျောင်းဝင်ခွင့်အတွက် လိုအပ်သည့် အသေးစိတ်သတ်မှတ်ချက်များနှင့် သိရှိလိုသည့် အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ (သို့မဟုတ်) သက်ဆိုင်ရာကျောင်းများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071