စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော် မုံရွာမြို့အပါအဝင် စစ်ကိုင်းမြို့၊ ရွှေဘိုမြို့၊ အရာတော်မြို့၊ ကသာမြို့၊ ကျွန်းလှမြို့၊ ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ရွေးကောက်ပွဲအသိပညာပေးနှိုးဆော်သည့် မြေစိုက်ပိုစတာ (Billboard)များကို အောက်တိုဘာလ(၉)ရက်က တပြိုင်တည်းစိုက်ထူခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့၌ ဆိုင်းဘုတ်ကို ကန်သာယာကန်အနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်စိုက်ထူအသိပေးခဲ့ခြင်းဖြစ်ရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အထောက်အကူဖြစ်စေရန် စိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာမြို့ဆိုင်းဘုတ်စိုက်ထူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလွှမ်းမိုးဟန်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကိုကိုဦးတို့က ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ Billboard အား ဖဲကြိုးဖြ-တ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
