Sunday, May 10, 2026

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့်...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...
HomeNewsLocal Newsစင်္ကာပူနိုင်ငံတွင် PV နိုင်ငံကူးလက်မှတ်ကိုင်...

စင်္ကာပူနိုင်ငံတွင် PV နိုင်ငံကူးလက်မှတ်ကိုင် အလုပ်လုပ်သူများ မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုပါက PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ပြောင်းလဲ ဆောင်ရွက်ပေးမည်

စင်္ကာပူနိုင်ငံတွင် PV အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ခေတ္တပြန်လိုပါက PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ပြောင်းလဲ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

PV နိုင်ငံကူးလက်မှတ်ဖြင့်သာ မြန်မာနိုင်ငံသို့ခေတ္တပြန်ပါက စင်ကာပူနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ရန်ကုန်လေဆိပ်တွင်လည်းကောင်း၊ OWIC ကတ်ပြုလုပ်ရာတွင်လည်းကောင်း အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည့်အတွက် သံရုံးသို့ အကူအညီတောင်းခံမှုများ ရှိနေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် PV မှ PJ သို့ပြောင်းလဲနိုင်ရန်အတွက် အသွားအပြန် လေယာဉ်လက်မှတ်၊ သက်တမ်းရှိသည့် အလုပ်လုပ်ကိုင်ခွင့်ကတ်၊ နိုင်ငံကူးလက်မှတ်၊ အလုပ်ရှင်၏ ခွင့်စာ အစရှိသည်တို့ကို နှစ်ပတ်ကြိုတင်ရက်ချိန်းရယူရန်လိုအပ်မည်ဟု ဆိုသည်။

နာရေးကဲ့သို့ အရေးပေါ်ကိစ္စဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများအနေဖြင့် ရက်ချိန်းရယူရန်အဆင်မပြေပါက သံရုံးသို့ နံနက် (၉) နာရီခွဲမှ (၁၁)နာရီအတွင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်းလည်း အသိပေးထားသည်။

ထို့ပြင် သာမန်အားဖြင့် PV အမျိုးအစားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် သက်တမ်းကုန်ဆုံးရက် (၁၄)လအောက်မှသာ PJ အမျိုးအစားသို့ ပြောင်းလဲလျှောက်ထားခြင်းဖြင့် မလိုလားအပ်သည့် အချိန်ကုန်၊ ငွေကုန်ခြင်းမှ ရှောင်ရှားနိုင်ရန်လည်း မေတ္တာရပ်ခံထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ MOFA အမြဲတမ်းအတွင်းဝန်ပြောကြားခဲ့

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအသိုက်အဝန်းထူ ထောင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ အစည်းအဝေးတက်ရောက်လာကြသူများက ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသရောက်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေး၊ ပထ ဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ရေ နံထောက်ပံ့မှုနှင့် ဈေးနှုန်းမတည်ငြိမ်မှု၏သက်ရောက်မှုများကို...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တတိယနိုင်ငံတစ်ခုတွင် တွေ့ဆုံသွားရန် ဆန္ဒရှိကြောင်း သူကထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှား၏ နှစ်များစွာအတွင်း အင်အားအနည်းဆုံးပမာဏဖြင့် ကျင်းပခဲ့သည့် စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ပူတင်က ယူကရိန်းတွင် အောင်ပွဲခံမည်ဟု ကတိပြုခဲ့ပြီး နာရီပိုင်းအကြာ စနေနေ့က သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့ သည် သုံးရက်ကြာ အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ကာ အကျဉ်းသား ၁,၀၀၀ ကို...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တိုက်ခိုက်မှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျက်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလောင်ကျွမ်းနေသော အပျက်အစီးများနှင့် ပျက်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071