လွန်ခဲ့တဲ့ ၂ ရက်ထဲက မိဘများနဲ့ အတူ သုဝဏ္ဏစင်တာ ကိုရောက်ရှိပြီး ကုသမှုခံယူနေတာပါ။ သူမ၏မိခင်က အောက်ဆီဂျင်ကျလာတာမို့ ဒေသန္တရ ရဲ့ လွှဲစာနဲ့ စင်တာကို လာရောက် ကုသမူ့ ခံယူနေရခြင်းဖြစ်ပါတယ်။
ယခုအခါမှာတော့ မိဘတွေ သက်သာလာပေမယ့် အားနည်းနေပါသေးကြောင်း သိရပါတယ်။
သူကိုယ်တိုင်လည်း အိပ်မပျော်ဘဲ ပင်ပန်းနေပါတယ်။ သူမက အရင်ဖျားပြီးမှ မိဘတွေက ဖျားသွားတာဖြစ်ပါတယ်။
ဒီလ ၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမမွေးနေ့ မှာလည်း မိသားစုလိုက် ဖျားနေခဲ့တာကတော့ အမှတ်တရ အဖြစ်ပါပဲ။
သူမရဲ့ ပရိသတ်တွေကို” အခုချိန်မှာ.. အပြင်ကို လုံးဝ မထွက်ပဲ နေနိူင်သလောက် နေပေးကြပါတော့.. အရမ်းသတိထားပီး mask တပ်/ spray ဖြန်းပြီး လုပ်နေတဲ့ကြားက ဘယ်ချိန်က ကူးမှန်းမသိလိုက်တာမို့ တော်တော်ကြောက်ဖို့ကောင်းပါတယ်။
အားရှိအောင် စားပါ အိပ်ပါ လူကြီးတွေအိမ်မှာ ရှိရင် ပိုသတိထားကြပါလို့ ပြောချင်ပါတယ်” ဟု ပေါ်ပြူလာကနေတဆင့်ပြောကြားခဲ့ပါတယ်။