
သရုပ်ဆောင် အကယ်ဒမီ ဝတ် မှုံရွှေရည်က မေလတတိယ အပတ်ကစင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ HUGO BOSSရဲ့ International Fashion Show ကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်ဖြစ်ပုံနဲ့ ပတ်သက် ပြီး ဝတ်မှုံရွှေရည်က ” HUGO BOSS က ကစ်ကို ကမ်းလှမ်းပြီး ဖိတ်တဲ့ အတွက် ကစ်ရယ်၊ ကိုဇဏ်ခီ ရယ်၊ မခရစ္စတီးနား ခီနဲ့ တက်ရောက် ဖြစ်ခဲ့တယ်။ အဲဒါကို The avenue ဘက်က အကုန်လုံး စီစဉ် ပေးခဲ့တယ်။ ဒီပွဲက တကယ်ကို အတွေ့ အကြုံအသစ်တစ်ခုအနေနဲ့ ရခဲ့တယ်။ အမှတ်တရတွေတအားများတယ်။ တအားလည်းပျော်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒီပွဲကို ဇဏ်ခီ၊ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနှစ်ဦးနဲ့အတူသွားရတဲ့အ တွက်အမှတ်တရရှိပြီးပျော်ရွှင်မိ ကြောင်းကို “မြန်မာနိုင်ငံရဲ့ အဖွဲ့ တစ်ခုအနေနဲ့ အားလုံးသွား ကြတာ ဆိုတော့စည်းစည်းလုံးလုံး ပျော် ပျော်ရွှင်ရွှင်ပေါ့။ အမှတ်တရ တွေ လည်း အများကြီး ရှိခဲ့ပါတယ်”လို့ ပြောပြပြီး ဇဏ်ခီတို့ ဇနီးမောင်နှံနဲ့အတူ လက်တွဲပြီးအနုပညာအလုပ်တွေ လုပ် ဆောင်သွားဖို့ ရှိလားဆိုတော့ သေ ချာ ရင်ပြောပြပါ့မယ်လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
ခုလတ်တလောမှာတော့ ဝတ် မှုံရွှေရည်ကအိန္ဒိယဒါရိုက်တာရိုက် ကူးနေတဲံ့Hero ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ နေနော်တို့နဲ့အတူ ပြင်ဦးလွင် မြို့မှာမှာ ရိုက်ကူးနေပါတယ်။
ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း
