Friday, July 17, 2026

မီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံ ရေးဆိုင်ရာသင်တန်းဖွင့်လှစ်သင်ကြား

မြန်မာနိုင်ငံတစ်ဝန်း၌ ဆိုလာစနစ်အသုံးပြုမှုများပြားလာရာ မီးသတ်ဦးစီးဌာနရှိမီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ဆိုလာစနစ်၏ တည်ဆောက်ပုံကိုစနစ်တကျနားလည်သိရှိပြီး အိမ်သုံးဆိုလာစနစ်(Home Solar System)နှင့် Solar Farm ကြီးများကို မီးဘေးလုံခြုံရေးစစ်ဆေးအ...

ဇူလိုင် ၂၅ ရက်အထိ နေရာအများအပြား...

မြန်မာနိုင်ငံတွင် ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းမှ ဇူလိုင် ၂၅ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် နေရာစိပ်စိပ်မှ...

MAI က ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဉ်သစ်ကို ဇူလိုင်...

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဉ်သစ်ကို ဇူလိုင် (၁၈)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မန်းရတနာပုံလေကြောင်းလိုင်းသည်လည်း ရန်ကုန်-အနီးစခန်း (ပြင်ဦးလွင်)...

အမျိုးသမီးရေးရာဝန်ကြီးဌာန၏ (၅) နှစ်တာလုပ်ငန်းစီမံချက်နှင့် အမျိုးသမီးများဘဝမြှင့်တင်ရေးအစီအစဉ်များကို...

နေပြည်တော်၊ ဇူလိုင် ၁၇ အသစ်ဖွဲ့စည်းထားသည့် အမျိုးသမီးရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် လာမည့် (၅) နှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များကို ပြည်သူများသိရှိနိုင်ရေး ဆောင်ရွက်မည့်အစီအမံများနှင့်...
HomeMoviesစက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်

စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။

ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်ရရှိရန် နေပြည်တော်/တိုင်း/ပြည်နယ် စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ထောက်ခံချက်များအားလာရောက်လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။

အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ် ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၁၊ ၀၉-၄၂၃၆၆၀၉၈၀ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်သည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံ ရေးဆိုင်ရာသင်တန်းဖွင့်လှစ်သင်ကြား

မြန်မာနိုင်ငံတစ်ဝန်း၌ ဆိုလာစနစ်အသုံးပြုမှုများပြားလာရာ မီးသတ်ဦးစီးဌာနရှိမီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ဆိုလာစနစ်၏ တည်ဆောက်ပုံကိုစနစ်တကျနားလည်သိရှိပြီး အိမ်သုံးဆိုလာစနစ်(Home Solar System)နှင့် Solar Farm ကြီးများကို မီးဘေးလုံခြုံရေးစစ်ဆေးအ ကြံပြုမှုများ စနစ်တကျဆောင်ရွက်နိုင်ရန်၊ ဆိုလာစနစ်ကြောင့် မီးလောင်မှု/မီးလန့်မှုများကြုံတွေ့ပါက ဘေးအ န္တရာယ်ကင်းရှင်းစွာဖြင့် မီးငြှိမ်းသတ်ဆောင်ရွက်နိုင်စေရန်၊ ဆိုလာစနစ်ကြောင့် မီးလောင်မှုဖြစ်ပွားနိုင်သောအ ခြေအနေများကို ပြည်သူလူထုအတွင်း အသိပညာပေးရာ၌ အထောက်အကူရစေရန်ရည်ရွယ်ဖွင့်လှစ်သင် ကြားပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက်အထိ နေရာအများအပြား မိုးကြီးနိုင်ပြီး ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန် မိုးဇလထုတ်ပြန်နေပြည်တော်၊ ဇူလိုင် ၁၇

မြန်မာနိုင်ငံတွင် ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းမှ ဇူလိုင် ၂၅ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁၇/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။ မိုးလေဝသအခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နေသော...

MAI က ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဉ်သစ်ကို ဇူလိုင် (၁၈)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဉ်သစ်ကို ဇူလိုင် (၁၈)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မန်းရတနာပုံလေကြောင်းလိုင်းသည်လည်း ရန်ကုန်-အနီးစခန်း (ပြင်ဦးလွင်) ခရီးစဉ်ကို ဇူလိုင် ၁၇ ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း ပြေးဆွဲမည်ဖြစ်သည်။ ရန်ကုန်မှ အနီးစခန်းသို့ လက်မှတ်ခမှာ ကျပ် ၃၀၄,၀၀၀ ဖြစ်ကာ အနီးစခန်းမှ ရန်ကုန်သို့ လက်မှတ်ခမှာ ကျပ် ၂၉၄,၀၀၀ ဖြစ်ကြောင်း သိရသည်။ အလားတူ ကျိုင်းတုံ-အနီးစခန်းနှင့် အနီးစခန်း-ကျိုင်းတုံ ခရီးစဉ်များကို ဇူလိုင် ၂၄ ရက်မှစတင်၍ ပြေးဆွဲသွားမည်ဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071