Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsစက်သုံးဆီ သယ်ယူပို့ဆောင်နေသည့် ယာဉ်များတွင်...

စက်သုံးဆီ သယ်ယူပို့ဆောင်နေသည့် ယာဉ်များတွင် GPS တပ်ဆင်ကြရန် နစက ညွှန်ကြားချက်ထုတ်

စက်သုံးဆီ သယ်ယူပို့ဆောင်နေသည့် ယာဉ်များတွင် GPS တပ်ဆင်ကြရန် နစက ညွှန်ကြားချက်ထုတ်

ပြည်တွင်း၌ စက်သုံးဆီ သယ်ယူဖြန့်ဖြူးနေသည့် ယာဉ်များအား GPS စနစ် မဖြစ်မနေ တပ်ဆင်ကြရန် နစက လက်အောက်ခံ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း စက်သုံးဆီ တင်းသွင်း ဖြန့်ဖြူးသူများထံမှ သိရသည်။

အဆိုပါ ညွှန်ကြားချက်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဇူလိုင်လ (၁၄) ရက် ရက်စွဲပါ ညွှန်ကြားချက်ကို ဇူလိုင်လ (၂၀) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထပ်ဆင့်ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်း ညွှန်ကြားချက်အရ ဆီတင် ရေယာဉ်များနှင့် ဆီဘောက်ဆာ ယာဉ်များ အားလုံး ဩဂုတ်လ ၅ ရက်အမီ အမြန်ဆုံး တပ်ဆင်ရမည် ဖြစ်ပြီး ယခင် တပ်ဆင်ထားသည့် ကုမ္ပဏီများအနေဖြင့် ဇူလိုင်လ ၂၈ ရက် နောက်ဆုံးထားကာ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦး စီးဌာနသို့ အချက်အလက်များ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ယခုလို ညွှန်ကြားရခြင်းမှာ ယာဉ်မတော်တဆမှုနှင့် ထူး ခြားမှုများကို အချိန်နှင့် တပြေးညီသိရှိနိုင်ရန်နှင့် ဆီတင် ရေယာဉ်များနှင့် ဆီဘောက်ဆာယာဉ်များ၏ တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ခြင်း ၊ လက်ခံ ဖြည့်တင်းခြင်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ လိုအပ်သလို စိစစ်ကြပ်မတ်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

” ဟုတ်ပါတယ်။ GPS တပ်ဖို့ ညွှန်ကြားချက် ရပါတယ်။ ဒါဟာ ဆီအရောင်းအဝယ်နဲ့ သယ်ယူတဲ့ ကိစ္စတွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစားလာတယ်လို့မြင်တယ်။ ဘယ်ကို မသယ်ရဘူး ၊ ဘယ်ကို မပို့ရဘူးဆိုတာမျိုးတွေ ထပ်ဖြစ် လာနိုင်တယ်လို့ မြင်တယ်လေ ” ဟု စက်သုံးဆီ တင်သွင်း ဖြန့်ချီရောင်းချနေသည့် လုပ်ငန်းစုတစ်ခုမှ အကြီးတန်းအရာရှိ တစ်ဦးက ၎င်း၏ အမြင်ကို ပြောပြသည်။

ဆီတင်ရေယာဉ်နှင့် ဆီဘောက်ဆာ ယာဉ်များတွင် လုပ် ငန်းလိုင်စင်၊ ကြီးကြပ်လက်မှတ်နှင့် GPS စနစ် တပ်ဆင်ထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိပါက စက်သုံးဆီ သယ် ယူပို့ဆောင်သည့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခွင့် ပြုမည် မဟုတ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် အဆိုပါ ညွှန်ကြားချက်သည် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်သည့် ကုမ္ပဏီများ၊ အခြားပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရေယာဉ်နှင့် ဘောက်ဆာယာဉ်များ အားလုံးအကျုံးဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071