မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအ ခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့်ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများယူသွားသည့် အမျိုးသမီးအား အောက်တိုဘာ ၂၆ ရက်ညနေ ၅ နာရီကျော်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်တွင် အငြိမ်စားစာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့်(၈၄)နှစ်သည် ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် သေ ဆုံးနေပြီး ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင်(၃၆) နှစ်သည်လည်း ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် ပြစ် မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် ချမ်းမြသာ စည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ (ပ) ၁၈၉/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ အလယ်တန်းပြဆရာမ မစိုးစိုးထွန်း(သေဆုံးသူ၏တူမတော်စပ်သူ)အား အောက် တိုဘာ ၂၆ ရက်ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေ အိမ်သို့ပြန်လည်ရောက်ရှိလာစဉ်ဖမ်းဆီးရမိခဲ့ပြီး စစ် ဆေးချက်များအရ ငွေကြေးအခက်အခဲကြောင့် အောက်တိုဘာ ၂၅ ရက်က အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို တူဖြင့်ထုရိုက်သတ်ဖြတ်ပြီး ရွှေတုံးနှင့် ငွေများကိုယူဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်းဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား ဥပ ဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် သက် ဆိုင်ရာရဲစခန်းမှဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
