Tuesday, May 26, 2026

ပျော်ရွှင်စွာကျောင်းအပ်နေကြသည့် ကျောင်းသား/သူများ ရန်ကုန်တိုင်းဝန်ကြီး ချုပ်နှင့်စကားလက်ဆုံကျ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးရက် သတ္တပတ်အား မေ ၂၅ ရက်မှစတင်ခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှုနှင့် ကျောင်းသား/သူများ ပျော်ရွှင်စွာကျောင်းအပ်နေမှုတို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ...

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက်...

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊...

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင်...
HomeNewsLocal Newsငွေကြေးလိမ်လည်ကောက်ခံခဲ့သည့် Su Latt...

ငွေကြေးလိမ်လည်ကောက်ခံခဲ့သည့် Su Latt Myint Mo Services Co.,Ltd ၏ မန်နေးဂျင်းဒါရို-က်တာအား ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့်အမှုဖွင့်ထား

မြန်မာအလုပ်သမားများအား ဂျပန်နိုင်ငံသို့ပို့ဆောင်ပေးမည်ဟုပြောဆိုပြီး ငွေကြေးများလိမ်လည်ကောက်ခံခဲ့သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီဖြစ်သည့် Su Latt Myint Mo Services Co.,Ltd ၏ မန်နေးဂျင်းဒါရို-က်တာ ဒေါ်လားရှမ်းထန်းဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆၊ (ပ) ၃၅/၂၀၂၆ ဖြင့်အမှုဖွင့်ထားကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ အမှုဖွင့်ထားသည့် Su Latt Myint Mo Services Co.,Ltd ၏ မန်နေးဂျင်းဒါရို-က်တာ ဒေါ်လားရှမ်းထန်းဦးမှာ လက်ရှိအချိန်၌ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် Su Latt Myint Mo Services Co.,Ltd သည် ပြီးခဲ့သည့် နှစ်များအတွင်းကလည်း မြန်မာအလုပ်သမားအချို့အား မလေးရှားနိုင်ငံသို့ပို့ဆောင်ပေးမည်ဟုပြောဆိုပြီး ဝန်ဆောင်ခများတောင်းယူထားသော်လည်း ပို့ဆောင်ပေးခြင်းမရှိ၍ ပေးသွင်းထားသောဝန်ဆောင်ခများပြန်လည်ရရှိရေးအတွက် Su Latt Myint Mo Services Co.,Ltd ကို အရေးယူပေးပါရန် အလုပ်သမားများက အလုပ်သမားဝန်ကြီးဌာနထံတိုင်ကြားခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုင်ကြားခဲ့သဖြင့် အလုပ်သမားဝန်ကြီးဌာနမှ စစ်ဆေးမှုများပြုလုပ်ရာ Su Latt Myint Mo Services Co.,Ltd သည် ဝန်ဆောင်ခများရယူ၍ မလေးရှားနိုင်ငံသို့ပို့ဆောင်ပေးနိုင်ခြင်းမရှိသည့်အပြင် ဝန်ဆောင်ခများကို မြန်မာအလုပ်သမားများထံပြန်လည်ပေးအပ်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် Su Latt Myint Mo Services Co.,Ltd ၏ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အား ၂၀၂၅ ခုနှစ် မေ ၁၃ ရက်မှစ၍ ရာသက်ပန်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ နစ်နာသူအလုပ်သမားများ ပြည်ပနိုင်ငံသို့သွားရောက်ရခြင်းမရှိ၍ မိမိတို့ပေးသွင်းခဲ့သည့် ဝန်ဆောင်ခများကို အေဂျင်စီ (သို့) ပွဲစားများထံမှ ပြန်လည်တောင်းခံမရပါက တရားဝင်အေဂျင်စီထံပေးဆောင်ထားသည့် ဝန်ဆောင်ခများကို အလုပ်သမားများထံပြန်လည်ပေးအပ်စေရေးအတွက် စစ်ဆေးရေးအဖွဲ့များဖြင့် ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကာ နစ်နာသူအလုပ်သမားများကိုယ်တိုင်သက်ဆိုင်ရာ တရားရုံးတွင် ငွေကြေးပြန်လည်ရလိုမှုဖြင့် တရားမမှုဖွင့်ကာတရားစွဲဆိုနိုင်သည်ဟု အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပျော်ရွှင်စွာကျောင်းအပ်နေကြသည့် ကျောင်းသား/သူများ ရန်ကုန်တိုင်းဝန်ကြီး ချုပ်နှင့်စကားလက်ဆုံကျ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးရက် သတ္တပတ်အား မေ ၂၅ ရက်မှစတင်ခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှုနှင့် ကျောင်းသား/သူများ ပျော်ရွှင်စွာကျောင်းအပ်နေမှုတို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက ယနေ့ မေ ၂၆ ရက်တွင်ကြည့်ရှုခဲ့သည်။ အင်းစိန်မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းနှင့် မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းအပ်နေသည့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများကို နှုတ်ဆက်စကားပြောကြားခဲ့သည်။ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း၌ ကျောင်းအပ်နှံသည့် ကျောင်းသား/သူများကို နိုင်ငံတော်ကအခ မဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများအား တစ်ပါ တည်းပေးအပ်လျက်ရှိသည်။

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ သင်းအား ငွေကျပ်သိန်း (၄၀၀) ကျော်ဂုဏ်ပြုချီးမြှင့်

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ငွေကျပ် (၁၂၅) သိန်း၊ ဒု-ဥက္ကဋ္ဌ (၁) ဦးအောင်မြင့်မြတ်က (၇၅) သိန်းကျပ်၊ ဒု-ဥက္ကဋ္ဌ (၂) ဦးဖြိုး‌ဇော်ဦးက (၂၅) သိန်းကျပ်၊ ROCKER ENERGY DRINK မှ ငွေကျပ်သိန်း (၁၈၀)၊ Bebee TV မှ ငွေကျပ်သိန်း (၂၀)၊ GLORY...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက် မီးမလေ-ာင်စေရန်အအေးပေး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် (၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလေ-ာင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071