နေပြည်တော် MICC 1 တွင် အောက်တိုဘာ (၁၅)ရက်မှ (၁၇) ရက်အထိ (၃) ရက်တာ ကျင်းပခဲ့သည့် ငြိမ်းချမ်းသော “မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ သက်ဆိုင်သူ အစုအဖွဲ့များက သတင်းမီဒီယာများအား ရှင်းလင်းတင်ပြသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ အောက်တိုဘာ (၁၇) ရက် ညနေပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် NSPNC မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ EAO အစုအဖွဲ့မှ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ နိုင်အောင်မငေး၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ ဒေါက်တာအေးမောင် ၊ဒေါက်တာအမ်ခွန်လှ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့မှ ဒေါက်တာဇော်ဦး၊ နန့်ခင်အေးဦးတို့ တက်ရောက်ခဲ့ကြပြီး ပြည်တွင်း/ပြည်ပ မီဒီယာများလည်း တက်ရောက်ခဲ့ကြသည်။
