ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ဆွေးနွေးပွဲများဆောင် ရွက်ခြင်းသည် စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် များစွာအထောက်အကူဖြစ်စေမည်ဟုယုံကြည်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မီ သတင်းထုတ်ပြန်ချက်အမှတ် (၁၃/၂၀၂၅)ဖြင့် တစ်နိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့်ဖြစ်သည့် ယနေ့ အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။
NCA သည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်း ချမ်းရေးရရှိရန် ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို အကောင်အ ထည်ဖော်နိုင်ရန်ဦးတည်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ၊ အ လွှာအသီးသီးမှပုဂ္ဂိုလ်များပါဝင်သည့် ငြိမ်းချမ်းရေးစ ကားဝိုင်းနှင့် ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။
ငြိမ်းချမ်းရေးရရှိမှသာ တရားဥပဒေစိုးမိုးရေးဖြစ်ထွန်းလာပြီး လူ့အခွင့်အရေးများရရှိခံစားနိုင်မည်ဖြစ်ကာ NCA ၏အခြေခံမူများတွင်လည်း ပြည်ထောင်စုအ တွင်းနေထိုင်သော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူအခွင့်အရေးရရှိစေရန်ဖော်ပြထားသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။
ထို့ကြောင့် ယင်းအခွင့်အရေးများကိုအပြည့်အဝရရှိခံ စားနိုင်ရန်၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးအပေါ် အ ခြေခံသော ဒီမိုကရေစီဖက်ဒရယ်စနစ်ဖော်ဆောင်ရာ တွင် နိုင်ငံအတွင်း ပစ်ခတ်တိုက်ခိုက်မှုများချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရန် အားလုံးက ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကာ NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံတွင်းပစ်ခတ်တိုက်ခိုက်မှုများရပ်စဲစေရေးသာမက ပစ္စုပ္ပန်နှင့် အနာဂတ်မျိုး ဆက်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ကြီးမားစွာအထောက်အပံ့ဖြစ်စေသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။
