အဆိုတော်အဖြစ်နဲ့ ပရိသတ်တွေ အားပေးကြရုံသာမက သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ပါ ပရိ သတ်တွေ လက်ခံကြတဲ့ အနုပညာရှင်ကတော့ ရဲရင့်အောင်ပါ။ လွှမ်းပိုင်၊ ဖွေးဖွေးတို့နဲ့အတူ သူပါဝင်သရုပ်ဆောင်ထားတဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးကလည်း အကယ်ဒမီ ဆန်ကာတင် ၂၅ ကား စာရင်းထဲ ပါလာခဲ့ပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်ပြီးရဲရင့်အောင်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို မေးမြန်းကြည့် တဲ့ အခါ ”ကျွန်တော်ပါဝင်သရုပ်ဆောင်ထားတဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးက ဆန်ကာ တင် စာရင်းထဲမှာပါတယ်ဆိုတာနဲ့ တင် ကျွန်တော့အတွက် တော်တော်အဆင်ပြေနေပါပြီ။ ကျန်တာတော့ ကျွန်တော် မမျှော်လင့်ပါဘူး။ ဘာလို့ လဲဆိုတော့ ကျွန်တော်က အခုမှ စတဲ့ သူတစ်ယောက်။ ပရိသတ်တွေက ရ စေချင်ကြတဲ့အတွက်လည်း ဝမ်းသာ ပါတယ်။ ဆန်ကာတင်စာရင်းထဲ လည်း ပါတယ်။ ပရိသတ်ကလည်း ရ စေချင်ကြတဲ့အတွက် ပိုပျော်ပါတယ်။ ကျွန်တော့်အတွက် ရင်ခုန်စိတ်လှုပ်ရှားမှုတော့ မရှိသေးပါဘူး” လို့ ပြော ပြပါတယ်။
ရဲရင့်အောင်ကို အကယ်ဒမီ ရစေချင်တယ်ဆိုတာကို ချစ်သူဖြစ်သူ ဧငြိမ်းဖြူက ” ညီမကလည်း သူ့ ကို ဘာပဲဖြစ်ဖြစ် အကယ်ဒမီရစေချင်တယ်။ ကိုယ်ချစ်တဲ့သူရတယ်ဆိုရင်တော့ ပျော်မိမှာပါ။ သူ့သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ အဝတ်အစား လေးတွေ ဒီလိုပုံစံမျိုး ဝတ်ချင်တယ်ဆိုရင် နောက်ကနေ စဉ်းစားပြီးတော့ သူ့ကို လုပ်ပေးဖြစ်တယ်။ ညီမသူ့ရဲ့ ရှုတင်တွေ လိုက်သွားရင်လည်း သူ သရုပ်ဆောင်တာတွေ ထိုင်ကြည့်ဖြစ်တယ်။ သူသရုပ်ဆောင်တာကောင်း တယ်။ သူ့ကိုလည်း ညီမအကယ်ဒမီ ရစေချင်ပါတယ်” လို့ ပြောပြခဲ့ပါသေး တယ်။ ၂ဝ၁၉ ထဲမှာ သီချင်းခွေသစ်ထွက်ဖြစ်မယ် ဆိုတာကိုလည်း ရဲရင့် အောင်က ”ကျွန်တော် ၂ဝ၁၉ ထဲမှာ သီချင်းခွေ ထွက်ဖြစ်မယ်။ ကျွန်တော် ရိုက်ကူးထားတဲ့ ဇာတ်ကားကလည်း ၂ဝ၁၉ ထဲမှာ ရုံတင်ဖြစ်မယ်။ ကျွန်တော် ပြီးခဲ့တဲ့လက သီချင်းအခွေ သစ်ထွက်ဖြစ်ဖို့အတွက်ကို အဲဒီလ မတိုင်ခင်ကတည်းက ကျွန်တော် ကြိုး စားနေတယ်။ အဲဒီအချိန်မှာ ဇာတ်ကားရိုက်က ပေါ်လာတယ်။ ဇာတ်ကားနှစ်ကား ရိုက်စရာပေါ်လာလို့ ကျွန်တော် ရိုက်ဖြစ်လိုက်တယ်။ အဲဒီ ကားရိုက်ပြီးသွားတော့ အခွေဘက်ကို ကျွန်တော် ပြန်လုပ်ဖြစ်တယ်။ကျွန်တော့်ပရိသတ်တွေက ကျွန်တော့်ကို သီချင်းခွေသစ် မထွက်သေး ဘူးလား။ သီချင်းသစ်တွေ နားမ ထောင်ရသေးဘူးလို့ ပြောကြတယ်။ တကယ်တမ်း ကျွန်တော်လည်း ပရိ သတ်တွေထက် ပိုပြီးတော့ သီချင်း ခွေကို မြန်မြန်ထွက်ချင်ပါတယ်။ တခြားသော ကျွန်တော့်ဘဝမှာ ကျွန် တော်ပြောပြလို့မရတဲ့ အကြောင်းအ ရာတွေက ကျွန်တော်ကို ဆွဲချတယ်။ ကျွန်တော် အခွေထွက်ဖို့ ကြိုးစားနေ ရတယ်။ ကျွန်တော် အမြန်ဆုံးထွက်ဖြစ်မှာပါ။ သင်္ကြန်ပြီးလောက်ထွက်ဖြစ်မှာပါ” လို့လည်း ရဲရင့်အောင်က ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ – ဇော်ဝင်းအောင်