ငလျင်ဘေးဒ-ဏ်ခံစားခဲ့ရသည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်လုပ်ငန်းများတွင် လိုအပ်နေသည့် သံချောင်းလုံးများကို အထူးရထားဖြင့် ပို့ဆောင်ပေးနေပြီး စက်တင်ဘာ(၂၈)ရက်က သံချောင်း (၄၉၀ ဒဿမ ၅၃)တန် ကို မန္တလေးမြို့ သို့ ဒုတိယအကြိမ် မီးရထားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ HRB 500 အမျိုးအစား သံချောင်းလုံးများဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ရန်ကုန်မှ အထူးကုန်ရထားဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ပထအကြိမ်တွင် သံချောင်းလုံးတန်ချိန်(၄၈၆ ဒဿမ ၈၈၆) တန် ပို့ဆောင်ထားပြီးဖြစ်ပြီး ယခု ဒုတိယအကြိမ် ပို့ဆောင်မှုနှင့်အတူ စုစုပေါင်း သံချောင်းလုံး တန်ချိန်(၉၇၇ ဒဿမ ၄၁၄)တန် ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်နေသည့် သံ ချောင်းများကိုလည်း ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း သိရသည်။
