မန္တလေးတိုင်းအတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၃၂၂) စုအတွက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ယနေ့ ဇွန်လ (၈) ရက်တွင် ဒုတိယအကြိမ်ထောက် ပံ့ကူညီမှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပျဉ်းမနားမြို့ နယ်များရှိ မသန်စွမ်အိမ်ထောင်စုများကို ထောက်ပံ့ကူညီခဲ့ခြင်းလည်း ဖြစ်သည်။
မသန်စွမ်းသူ အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးပေါင်း၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ ပန်းကန် လုံး/ပြား၊ ဇွန်း၊ အိမ်သုံးဆေးဝါး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်ပြီး မသန်စွမ်းသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ မသန်စွမ်းအထောက် အကူပြုပစ္စည်းများ၊ Tent များနှင့် တာလပတ်များကိုလည်း ထည့်သွင်းပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ရွှေမင်းသားဖောင်ဒေးရှင်းအနေဖြင့် ငလျင်စတင်လှုပ်ခတ်ခဲ့သည့် မတ်လ (၂၈) ရက်မှ မေ(၂၈)ရက်အထိ (၂) လအတွင်း မသန်စွမ်းအိမ်ထောင်စု (၁,၇၇၀) စု အပါအဝင် ငလျင်သင့်ဒေသများမှ အခြားအိမ်ထောင်စု စုစုပေါင်း (၆,၆၄၀) စုကိုလည်း ကူညီထောက်ပံ့မှုများ ပေးခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။